၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို နိုဝင်ဘာလ (၈) ရက်နေ့ မနက်ပိုင်းကစပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသသတင်းရစ်မြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီဘက်က မြစ်ကြီးနားကနေ တက်လာတဲ့ ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပြီး ထိခိုက်မှုအခြေနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်း ၃ နာရီကစလို့ တကောင်း–ထီးချိုင့်– အင်းတော် လမ်းပိုင်းကို ထီးချိုင့်ကာကွယ်ရေးတပ်ဘက်က ယာယီပိတ်လိုက်ပြီး ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ထီးချိုင့်မြို့ထဲက ပြည်သူတွေလည်းရှောင်နေကြပြီ အခုတော့ မြို့ထဲအသွားအလာ မရှိတော့ဘူး“ လို့ ဆိုပါတယ်။
ထီးချိုင့်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အထိုင်စစ်စခန်း မရှိပေမယ့် ထွေအုပ်ရုံး၊ မြို့မရဲစခန်း၊ ဘောလုံးကွင်းနဲ့ စာသင် ကျောင်းတွေမှာ တပ်စွဲထားတာတော့ရှိတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့က စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့၊ ခါမ်းပတ်မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ဖုန်းဆက်လို့ မရနိုင်တဲ့အတွက် သတင်းတွေကို အတည်ပြုဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။