နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 4 ရက်

1027 Operations

1027 Operations စစ်ရေးသတင်း မြန်မာသတင်း

တိုက်ပွဲတွေကြောင့် လွိုင်ကော်လမ်းပိုင်းတွေမှာ ခရီးမသွားဖို့ KNDF ထုတ်ပြန်

နို၀င်ဘာလ (၁၁)ရက်၊ ခေတ်မျတ်လုံး။

တိုက်ပွဲတွေကြောင့် လွိုင်ကော်က လမ်းပိုင်းတွေမှာ ဒီကနေ့ကစပြီး ခရီးလွားတာတွေ မပြုလုပ်ဖို့ KNDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကရင်နီပြည်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို၊ လွိုင်ကော်-မိုးဗြဲနဲ့ လွိုင်ကော်-ဆီဆိုင် လမ်းမတွေကို သွားလာတာမလုပ်ဖို့ ‌မေတ္တာရပ်ခံထားပါတယ်။

အဲ့ဒီနေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစုတွေအကြား ထိတွေတိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ ခရီးသွားလာတာနဲ့ နေအိမ်ပြင်ပထွက်ပြီး သွားလာတာတွေ မလိုအပ်ဘဲ မပြုလုပ်ဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ ဖော်ပြထားပါတယ်။

စစ်ရေးသတင်းတွေကိုလည်း မလိုအပ်သေးပါက ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားထုတ်ပြန်တာ မလုပ်ဖို့ KNDF က မေတ္တာရပ်ခံထားကာ စစ်ဆင်ရေးပြီးသွားရင် အသိပေးထုတ်ပြန်မယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ KNLA စစ်ဦးစီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 8 Views
‌ဇွန်လ (၄)ရက်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ ကယန်းပြည်သစ်တပ်မတော်(KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၆၁)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

တလထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 5 Views
ဇွန်လ (၄)ရက်။ ပြီးခဲ့တဲ့ မေလပိုင်းထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA
မြန်မာသတင်း

စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 8 Views
ဇွန်လ (၄)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန် စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၃)ရက်နေ့ နံနက် (၁၁)နာရီ (၅)မိနစ်က
မြန်မာသတင်း

ရန်ကုန်မှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
‌ဇွန်လ (၃)ရက်။ အခုတပတ်တာထဲ ရန်ကုန်တိုင်းမှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၂၅)ရက်နေ့ကနေ ဇွန်လ (၁)ရက်နေ့အထိ ဓါတ်ခွဲနမူနာစုစုပေါင်း (၁၇၇၈)ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ် (၁၇)ဦးကို
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြည်သူ (၂)ဦးကို သတ်ဖြတ်ပြီး ကလေးငယ်တွေအပါအဝင် (၁၆)ဦးကို ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က ကန့်ဘလူမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ခန့်က ကံကြီးရွာရှိ ပြည်သူ (၂)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

အပစ်ရပ်ထားတဲ့ စစ်ကောင်စီက ဗန်းမတ်ဒေသထဲ လက်နက်ကြီးတွေ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
ဇွန်လ (၃)ရက်။ မနေ့က PNLO ဌာနချုပ်ကို ဦးတည်ပြီး ဗန်းမတ်ဒေသထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောက်မယ်မြို့ ကဒူးကြီးဒေသ PNLO
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 5 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် လူသားစာနာမှုဆိုင်ရာ အပစ်ရပ်စဲတာကို ဧပြီလနဲ့ မေလတို့မှာ
မြန်မာသတင်း

ပန်ဆယ်လိုအပါအဝင် NUG/PDF ကို ထောက်ပံ့နေသူတွေ ရောင်းချတာကို ဝယ်ယူရင် အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
‌ဇွန်လ (၃)ရက်။ NUG/PDF တွေကို ထောက်ပံ့နေသူတွေက ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူတာနဲ့ တဆင့်ခံ ပြန်ရောင်းချတာတွေပြုလုပ်ရင် အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG/PDF ကို ထောက်ပံ့နိုင်ဖို့အတွက် ပန်ဆယ်လို၊ အိုင်းရင်း၊