၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ဘေကျင်း။
နိုဝင်ဘာလ (၁၀) ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ တိုက်ခိုက်မှုတွေကြောင့် ပြည်သူအများအပြား နေရပ်ရွှေ့ပြောင်းနေရတယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အဲ့ဒီတိုက်ခိုက်မှုတွေ ရပ်စဲရန် စီမံဆောင်ရွက်မှု လုပ်ဆောင်ရန် အစီအစဉ် ရှိပါသလားလို့ မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက “ မိမိတို့အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အနီးကပ် စောင့်ကြပ်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်စဲရန်နဲ့ တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံဘေးကင်းရေး သေချာစွာ ဆောင်ရွက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းကြောင်း” ပြောကြားခဲ့ပါတယ်။
Source/Photo: ဆင်ဟွာသတင်း