၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။
ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ တပ်ဖွဲ့ဝင်များရဲ့ တန်ပြန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီ လေတပ်ရဲ့ K-8W အမျိုးအစား တိုက်လေယာဉ်တစ်စီး ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့မှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ဦး ခုန်ထွက်လွတ်မြောက်ခဲ့ပြီး အဲ့ဒီထဲက တစ်ဦးကို နိုဝင်ဘာလ (၁၉) ရက်နေ့မှာ လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီလေယာဉ်မှူးဟာ ဗိုလ်မူး ခိုင်သန့်မိုး (ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃ မွေးသက္ကရာဇ် ၂၇/၅/၁၉၈၁ ဖြစ်ပြီး တောင်ငူလေတပ်က ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တွဲဖက်လေယဉ်မှူးဗိုလ်ဇာနည်မောင်ကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး ဖမ်းဆီးနိုင်ဖို့ လိုက်လံရှာဖွေနေတယ်လို့ ဖော်ပြထားပါတယ်။
ဗိုလ်မူး ခိုင်သန့်မိုးကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။