နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လောက်ကိုင်မြို့ထဲ လက်နက်ကြီးကျလို့ ကလေးငယ်အပါအဝင် (၈) ဦး သေဆုံး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်၊ ခေတ်မျက်လုံး။

မနေ့က နိုဝင်ဘာလ (၂၂) ရက် မနက် ၉ နာရီလောက်မှာ လောက်ကိုင်မြို့ ကျားခြံရုံအနီး လမ်းမပေါ် လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၈ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိတာဖြစ်ပြီး အဲဒီထဲမှာမှ အမျိုးသမီး ၂ ဦးဟာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။

လောက်ကိုင်ထဲ ပိတ်မိနေတဲ့သူတွေဟာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လောက်ကိုင်ကနေ ထွက်လာကြချိန်မှာပဲ လက်နက်ကြီးက လူအုပ်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်သေဆုံးမှုများရတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျရောက်မှုနဲ့ ပတ်သက်ပြီး ကိုးကန့်တပ် (MNDAA) ဘက်ကတော့ စစ်ကောင်စီဘက်ပစ်လိုက်တဲ့ လက်နက်လို့ ပြောနေပြီး စစ်ကောင်ဘက်ကတော့ ဘာမှတုံ့ပြန်တာမျိုး မရှိသေးပါတူ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့မှာလည်း လောက်ကိုင်နဲ့ ပါစင်ကျော်ရွာကြားမှာ ပိတ်မိနေတဲ့ ဒေသခံတွေကြား လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ (၆) ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာလ (၂၀) ရက်နေ့ကလည်း (၁၀) တန်ဂိတ်မှာ နေရပ်ပြန်သူတွေအကြား လက်နက်ကြီး ကျရောက်လို့ (၂) ဦး သေဆုံးခဲ့တာကြောင့် လောက်ကိုင်မှာ လက်နက်ကြီးကြောင့် သေဆုံးသူ (၁၆) ဦး ရှိလာပြီ ဖြစ်ပါတယ်။

လောက်ကိုင်ကို လက်ရှိစစ်ကောင်စီက ထိန်းချုပ်ထားပြီး ကိုးကန့်တပ် (MNDAA) က လောက်ကိုင်ကို ဝင်ရောက်သိမ်းပိုက်တော့မယ်လို့ ကြေညာထားပါတယ်။

လက်ရှိမှာ လောက်ကိုင်မြို့ကနေ (၇) မိုင် အကွာမှာရှိတဲ့ ပါစင်ကျော်ရွာအနီးမှာ MNDAA က နေရာယူ ပိတ်ဆို့ထားတဲ့အတွက် လောက်ကိုင်မြို့ပေါ်မှာ အခြေခံစားကုန်တွေနဲ့ တရုတ်ဘက်ကပေးတဲ့ လျှပ်စစ်မီးလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေ လောက်ကိုင်ကနေ ထွက်ခွာနေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 11 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 25 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 27 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 23 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 27 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 25 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့