၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ယနေ့၊ ဒီဇင်ဘာ ၁၄ ရက်၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံသတင်းရင်းမြစ် ကန်ပက်လက်အသံထံက သိရှိရပါသည်။
ကျင်ဒွေးမြို့တွင် အပြန်အလှန် ပစ်ခတ်သံများကြားနေပြီး အခြေအနေအသေးစိတ်ကို အသိအကျ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် ကန်ပက်လက်ဒေသခံများကို ခေတ်မျက်လုံးက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေသော်လည်း ဖုန်းဆက်သွယ်၍ မရသေးပါ။
အသေးစိတ်သိရှိပါရက နောက်ဆုံးအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။
Source: Kanpetlet Voice