နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

တရုတ်

တရုတ် မြန်မာ့နိုင်ငံရေး

တရုတ်အနေနဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းတာကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို ဂရုပြုဖို့ အဖွဲ့အစည်းပေါင်း (၂၅၅) ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့

ဒီဇင်ဘာလ (၁၈)ရက်။

တရုတ်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းတာကို ဆန့်ကျင်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ အသံနဲ့ သဘောထားဆန္ဒကို အလေးထား၊ ဂရုပြုဖို့ မြန်မာလူထုအခြေပြုနဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း (၂၅၅)ဖွဲ့က ဒီဇင်ဘာလ (၁၇)ရက်နေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်အပါအဝင် တာဝန်ရှိသူတွေနဲ့ တရုတ်ပြည်သူတွေဆီကို မြန်မာလူထုရဲ့ သဘောထားဆန္ဒနဲ့ ပြည်သူ့တော်လှန်ရေးကြီး အခြေအနေမှန်ကို သိရှိစေဖို့ အခုလို အဖွဲ့အစည်းပေါင်း (၂၅၅)ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို စေ့စပ်ဆွေးနွေးဖို့ ဖိအားပေးတဲ့ စစ်အုပ်စု သက်ဆိုးရှည်စေနိုင်တဲ့ လုပ်ရပ်တွေကို ပြုမူဆောင်ရွက်နေတာကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာပြည်သူလူထုအနေနဲ့ တရုတ်နိုင်ငံနဲ့ တရုတ်အစိုးရအပေါ် အမျက်ဒေါသထွက်စေမယ့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွား၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ယုံကြည်မှုကို ပျက်ပြားစေမယ့် လုပ်ရပ်အားလုံးကိုလည်း အမြန်ဆုံးရပ်တန့်ဖို့ အထက်ပါအဖွဲ့တွေက ပြောဆိုထားပါတယ်။

အခုတော်လှန်ရေးကြီးဟာ အနောက်နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံရေးအုပ်စုတွေရဲ့ အလိုကျ ကြိုးဆွဲတာ၊ လှုံ့ဆော်တာမျိုးကြောင့် လုံးဝ(လုံးဝ)မဟုတ်ဘဲ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတရပ်ရပ်ရဲ့ အကျိုးစီးပွားကိုမှ ထိခိုက်နစ်နာစေတာမျိုး လုံးဝ(လုံးဝ)မဖြစ်စေရဘူးလို့ ဖော်ပြထားပါတယ်။

မြန်မာပြည်သူပြည်သားအားလုံး ထောက်ခံ၊ ပါဝင် ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးဟာ ဖက်စစ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ပြည်သူလိုလားလက်ခံတဲ့ ဒီမိုကရေစီအစိုးရစနစ် ပေါ်ထွန်းဖို့နဲ့ လူမျိုးပေါင်းစုံ တန်းတူရည်တူရှိတဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ဖို့ စတာတွေကို ဦးတည်ရှေးရှုပြီး ဖော်ဆောင်နေတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 52 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် —
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 74 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 128 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 127 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 108 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1.57K Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊