၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်၊ ခေတ်မျက်လုံး။
စစ်ကောင်စီ အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ဘက်ပေါင်းစုံက လေ့လာသုံးသပ်အကြံပြုနိုင်ဖိုအတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပေးထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နေရာကို ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ အစားထိုးလိုက်တယ်လို့ ဒီနေ့ စစ်ကောင်စီရဲ့ မီဒီယာမှာ ကြေညာသွားပါတယ်။
ဗိုလ်ချုပ်ကြီးမိုးအောင် တာဝန်ယူခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) နေရာကို စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကို တာဝန်ပေးလိုက်တယ်လို့လည်း စစ်ကောင်စီ ဝါဒဖြန့် သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။