ဖေဖော်ဝါရီလ (၂၆)ရက်။
မနေ့က ဟိုပုံမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာမှာ PNLA စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲဟာ နံနက် (၁၀)နာရီကစပြီး ညနေ (၃)နာရီ (၄၀)မိနစ်အချိန်အထိ (၅)နာရီခွဲကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆)ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ သေဆုံးခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ ဗိုလ်မှူးအဆင့်ရှိသူ (၂)ဦးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ (၃)ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ထံက MA လက်နက်ငယ် (၁၅)လက်၊ ဒရုန်းပစ်လက်နက် (၁)လက်၊ ပစ္စတို (၁)လက်နဲ့ လက်နက်ခဲယမ်းကျည်ဆံတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတစ်ရက်ထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတပ်စွဲထားတဲ့ ထမ်းဆန်းရွှေတိဂုံပုံတူ စေတီတော်ကုန်းကနေ မဲနယ်တောင်ဒေသနဲ့ လွယ်ဝိုးကုတ်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ တစ်နေကုန်နီးပါး ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ဆီဆိုင်မြို့ထဲကိုလဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကာ အဲ့ဒီပစ်ခတ်တာတွေထဲ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။