နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် လွယ်ဂျယ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် KIA အခက်ကြုံနေ

ဧပြီလ (၁) ရက်။

ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိသော လွယ်ဂျယ်မြို့ကို KIA တပ်ဖွဲ့က လွန်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကစ ပြီး ဝန်းရံပိတ်ဆို့ထားပေမယ့် လွယ်ဂျယ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခြင်း မပြုဖို့ တရုတ်အစိုးရက KIA ကို ဖိအားပေးနေတယ်လို့ ကချင်ဒေသတွင်းသတင်းဌာန 7Stars သတင်းဌာနမှာ ဖော်ပြထားပါတယ်။

လွယ်ဂျယ်မြို့ကို KIA တပ်ဖွဲ့တွေ လေးဘက်လေး တန်ပိတ်ဆို့ထားတာ ၃ ရက်ရှိနေပြီး လွယ်ဂျယ်မြို့မှာ တရုတ်ပြည်ကို ဖြတ်ကျော်တဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် ရှိနေတဲ့အတွက် တရုတ်အစိုးရ က KIA ကို တိုက်ခိုက် သိမ်းပိုက်တာမျိုးမလုပ်ဖို့ ဖိအားပေးနေလို့ KIA ဗဟိုက လွယ်ဂျယ်ကို ဝန်းရံထားတဲ့ KIA စစ်ကြောင်းတွေကို တိုက်ခိုက်မိန့် ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

နယ်စပ် ကုန်သွယ်ရေး၊ နယ်စပ်ဖြတ်သန်းရေး တွေနဲ့ပတ်သက်ပြီး အစိုးရအချင်းချင်းကြားမှာပဲ ဆွေးနွေး ဆုံးဖြတ်လို့ရတဲ့အတွက် KIA က အစိုးရ မဟုတ်တဲ့အတွက် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိလာနိုင်တာကြောင့် တရုတ်ဘက်က အခုလို ဖိအားပေးနေတာမျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်မှာတော့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးမြို့ နှစ်ခုဖြစ်တဲ့ ကြူကုတ်ပန်ဆိုင်းမြို့ နဲ့ လောက်ကိုင်မြို့တွေကို အစိုးရမဟုတ်တဲ့ MNDAA တပ်ဖွဲ့က သိမ်းထားပါတယ်။ အဲ့ဒီမြို့တွေမှာတော့ MNDAA နဲ့ စစ်ကောင်စီအကြား ငြိမ်းချမ်းရေးရယူထားပြီး အခွန်ငွေကို MNDAA ၇၀ ရာနှုန်းနဲ့ စစ်ကောင်စီဘက်က ၃၀ ရာနှုန်း ခွဲဝေယူထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် နှစ်ဘက်လုံးက အတည်ပြုထားတော့ မရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ လွယ်ဂျယ်မြို့မှာ တရုတ်ဘက်ကို တင်ပို့မယ့် ကုန်ပစ္စည်းများတင်ဆောင်ထားတဲ့ ကုန်တင်ယာဉ် တွဲကား အစီးတစ်ထောင်ကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ သံယံဇာတဝန်ကြီးတူးခေါင်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “လွယ်ဂျယ်မြို့မှာ လက္ဖက်ရည်အတူသောက်ကြမယ်။” လို့ ဖိတ်ခေါ်ထားတာကို တွေ့ရပါတယ်။ NUG ရဲ့ သံယံဇာတဝန်ကြီးဟာ အမျိုးသားညီညွှတ်ရေးအစိုးရထဲမှာ ဝင်ငွေအများဆုံးရှာနိုင်တဲ့သူ ဖြစ်တယ်လို့ NUG နဲ့ အလွန်နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

KIA နဲ့ NUG ပူးပေါင်းထားတဲ့စစ်ဒေသ (၁) လက်အောက်ခံ မော်လူးမြို့မှာ NUG ရဲ့ ပကဖနဲ့ ပအဖ တို့က တရုတ်ပြည်ကိုပို့မယ့် သစ်ကားကြီးတွေကိုတော့သယ်ခွင့်ပြုနေပြီး ဒေသခံလူထုရဲ့ တပိုင်တနိုင် သစ်လုပ်ငန်းတွေအတွက်ကိုတော့သစ်ထုတ်လုပ်ခွင့် တားမြစ်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ဒေသ (၁) လက်အောက်ခံ ကသာခရိုင်တာဝန်ခံ KIA အရာရှိတွေလည်း ဒီကိစ္စကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။ တရုတ်ပြည်ဘက်ကို သယ်နေတဲ့သစ်ကားကြီးတွေဟာ NUG သံယံဇာတဝန်ကြီးဌာနဆီမှာ အခွန်ဆောင်ပြီး စစ်အုပ်စုတပ်စခန်းဂိတ်တွေကိုပါဖြတ်သန်းသွားနေတာဖြစ်ပါတယ်။ SNA (ရှမ်းနီတပ်မတော်) ရဲ့ စိုးမိုးဒေသက ထွက်တဲ့သစ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီသစ်ကားကြီးတွေဟာ NUG ပကဖ၊ KIA၊ SNA၊ စစ်ကောင်စီတို့ရဲ့ဂိတ်တွေကို ဖြတ်သန်းအခကြေးငွေတွေပေးပြီးမှ တရုတ်ပြည်ကိုသွားလို့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

မကြာသေးခင်ကပဲ မော်လူးမြို့ခံလူထုတွေက တရုတ်ပြည်ကို မှောင်ခိုပို့မယ့်သစ်ကားကြီး (၁၆) စီးကို ဖမ်းဆီးပြီး မော်လူးပအဖထံ အပ်နှံခဲ့ပေမဲ့ ပြန်လွှတ်ပေးခဲ့တာကြောင့် ပြဿနာတွေ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံလူထုဆိုရင် ပျဥ်အတိုအစကအစ ဖမ်းပြီး တရုတ်ကိုတော့ သစ်ကားကြီးတွေနဲ့ပို့နေတာကို မော်လူးခရိုင်က NUG ပကဖနဲ့ ပအဖတွေက ခွင့်ပြုနေတဲ့အတွက် ဒေသခံလူထုက မကျေနပ်ကြဘဲ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 29 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 38 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး