နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်္ဂလာဒုံမြို့မရဲစခန်းမှာ မိုင်းရှင်းချိန်ပေါက်ကွဲကာ စစ်ကောင်စီတပ်က (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

ဧပြီလ (၁၀)ရက်။

ဒီကနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့မရဲစခန်းမှာ မိုင်းရှင်းလင်းချိန် ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်က (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Dark Shadow ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ မင်္ဂလာဒုံမှာ BE တပ်က မိုင်းလာရှင်းရင်း ထပေါက်တာ။ စခ (၃)ဦး ပြင်းထန်ဒဏ်ရာရပြီး အရေးပေါ်ဆေးရုံကို ပို့လိုက်ရပါတယ်။ တစ်ဦးသေနိုင်တယ်” လို့ Dark Shadow အဖွဲ့က ရဲဘော်ပန်ဒါက ဆိုပါတယ်။

မနေ့က ညပိုင်းအချိန်မှာ မင်္ဂလာဒုံမြို့မရဲစခန်းကို “ Urban Freedom” စစ်ဆင်ရေးအနေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးအခြေအနေကြောင့် ပြင်းအားမြင့်မိုင်းတွေသာ တပ်ဆင်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်တာ၊ အုပ်ချုပ်တာကို မလွှဲမရှောင်နိုင် အံကြိတ်ရှင်သန်နေရတဲ့ မြို့ပြပြည်သူတွေအတွက် အရိပ်တပ်သားတွေရဲ့ “ မြို့ပြလွတ်လပ်ရေး” စစ်ဆင်ရေးကို ဒီကနေ့မှာ စတင်လိုက်တာလို့ ရေးသားထားပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း တော်လှန်ရေးအရှိန်မြှင့် နယ်မြေစိုးမိုးနေချိန် မြို့ပြလဲ မကျန်စေရဘူးလို့ Dark Shadow အဖွဲ့က ပြောဆိုထားပါတယ်။

ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ဖို့နဲ့ မတရားဖိနှိပ်ချုပ်ချယ်တာတွေကနေ လွတ်မြောက်ဖို့အတွက် တော်လှန်ရေးအောင်မြင်တဲ့အထိ စစ်ကောင်စီကို ဆက်လက်ချေမှုန်းတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးမလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 35 Views
အောက်တိုဘာလ (၂၀)ရက်။ အခုလဆန်းပိုင်းကစပြီး ဒီပဲယင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးတွေ မထည့်ကြဖို့ မြို့နယ်ပအဖက ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

နိုင်ငံအနှံ့ လေကြောင်းနဲ့ နေ့တိုင်းဗုံးကြဲနေတဲ့ စစ်ခေါင်းဆောင်က ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 53 Views
အောက်တိုဘာလ (၂၀)ရက်။ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့ (၄)မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 41 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့က တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်၊ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်နဲ့
မြန်မာသတင်း

လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 42 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့ကစပြီး လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA က အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ အာရက္ခပင်လယ်ကမ်းအနီးရှိ မြို့၊ ရွာတွေက ရေလုပ်ငန်းကို အဓိကအမှီပြုပြီး လုပ်ကိုင်နေရတဲ့
မြန်မာသတင်း

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြဝတီ KK Park ထဲကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 28 Views
အောက်တိုဘာလ (၂၀)ရက်။ ထိုင်း-မြန်မာနယ်စပ်ရှိ BGF ထိန်းချုပ်နယ်မြေထဲက ကျားဖြန့်လုပ်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြဝတီ KK Park ထဲကို ဝင်ရောက်စီးနင်းခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဝင်ရောက်စီးနင်းတဲ့အချိန် KK Park
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၇)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 56 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “ပျက်သွားတဲ့ NCA-  ပြန်အသက်သွင်းလို့ရနိုင်ပါ့မလား” ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၉ရက်နေ့ မှာ NCA  ၁၀နှစ်မြောက်အခမ်းအနားကို စစ်ခေါင်းဆောင်က ဦးစီးကျင်းပနေတာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီထောင်ထားသူတွေက တက်ရောက်အားပေး နေကြသလို လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ (၇) ဖွဲ့ထဲက
မြန်မာသတင်း

ဆားလင်းကြီးနယ်ထဲ စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ပြည်သူသောင်းနဲ့ချီ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 60 Views
အောက်တိုဘာလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့မြောက်ဘက်ခြမ်းရှိ မြန်မာဝမ်ပေါင်အနီးက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံက သိရပါတယ်။ “ မနက်ပိုင်းကစပြီး ညောင်ပင်ကြီးစခန်းကနေ အင်အား (၁၅၀)လောက်နဲ့ထွက်လာတဲ့ စကမစစ်ကြောင်းက ဆားလင်းကြီးနယ်မြောက်ဘက်ခြမ်းက ဝမ်ပေါင်အနီးမှာရှိတဲ့ ကျေးရွာတွေကို
မြန်မာသတင်း

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 58 Views
အောက်တိုဘာလ (၁၈)ရက်။ TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ဟာ အောက်တိုဘာလ (၂)ရက်နေ့ကစပြီး စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်ခဲ့ရာ အောက်တိုဘာလ (၁၇)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့