နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် မြန်မာနှစ်သစ်ကူးအတွက် သတင်းထုတ်ပြန်

ဧပြီလ (၁၃) ရက်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများ ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရှိပါကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိပြောကြားလိုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သင်္ကြန်သည် နှစ်ဟောင်းကို ပြန်ပြောင်းဆင်ခြင်သည့် အခါသမယဖြစ်သကဲ့သို့ နှစ်သစ်ကို မှန်းမျှော်ကြည့်ရန် အခွင့်အခါလည်းဖြစ်ပါသည်။ ကုန်လွန်ခဲ့သည် နှစ်ဟောင်းတွင်လည်း မြန်မာနိုင်ငံသည် ကံအကြောင်းမလှစွာ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးဖိနှိပ်ချုပ်ခြယ်မှုများကို ဆက်လက်ကြုံတွေ့နေခဲ့ရပါသည်။ စစ်မှုထမ်းဥပဒကို အသက်သွင်းရန် စစ်အာဏာရှင်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်က မြန်မာပြည်သူများ ရင်ဆိုင်နေကြရသည့် မြောက်များလှသည့် စိုးရိမ်သောကများနှင့် အခက်အခဲများကို ပိုမို ကြီးထွားစေပါသည်ဟု ဖော်ပြထားပါသည်။

အကြပ်အတည်းကို အဆုံးသတ်ရန် ကြိုးစားနေသူများနှင့် မြန်မာနိုင်ငံ၏ အများပါဝင်နိုင်သည့်ဒီမိုကရေစီအနာဂါတ်အတွက် ကြိုးပမ်းနေသူများကို မိမိတို့ ဆက်လက် အားပေးထောက်ခံသွားပါမည်။ စစ်တပ်၏ အာဏာသိမ်းမှုနှင့် အရပ်သားပြည်သူများကို နှိပ်စက်ကလူပြုမှုများအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများအတွက် မိမိတို့ သံန္နိဋ္ဌာန် ထားလျက်ပင်ရှိပါသည်။ မြန်မာပြည်သူများသည် စဉ်းစားတွေးထင်ရန်မဖြစ်နိုင်လောက်သည့် ဒုက္ခသုက္ခများကို ရင်ဆိုင်အံတုရာတွင် ထူးချွန်ပြောင်မြောက်သည့် သူရသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို အကြိမ်ကြိမ်ပြသခဲ့ကြပါသည်ဟု ဆိုပါသည်။

လက်ရှိတွင် ပဋိပက္ခနှင့် ကြုံတွေ့နေကြရငြား အဟောင်းမှအသစ်သို့ ကူးပြောင်းခြင်းတည်းဟူသော သင်္ကြန်အခါသမယသည် မြန်မာပြည်သူများအတွက် မျှော်လင့်ချက်အသစ်များ ဆောင်ကြဉ်းလာပါစေကြောင်း တောင်းဆု ပြုလိုက်ပါသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်တွင် မြန်မာပြည်အတွက် ဆုတောင်းပေးထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 25 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ တအာင်းပညာရေးရန်ပုံငွေထီကို တအာင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ နိုင်ငံရေးမတည်ငြိမ်တာနဲ့
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 35 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 33 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 28 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ