နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

လှည်းကူးမြို့ရှိ စစ်ကောင်စီရဲ့ စစ်မှုထမ်းဟောင်းရုံး ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရ

ဧပြီလ (၂၇)ရက်။

မနေ့က ည (၇)နာရီ (၅)မိနစ်အချိန်မှာ လှည်းကူးမြို့ရှိ စစ်ကောင်စီရဲ့ စစ်မှုထမ်းဟောင်းရုံးကို တော်လှန်ရေးမဟာမိတ်တွေက အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဟောင်းရုံးက ရုံးစောင့်စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို Yangon Army(YA)နဲ့ အနောက်ပိုင်းခရိုင်ပကဖအဖွဲ့တို့ ပူးပေါင်းကာ ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရတာမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေ ထိခိုက်သွားခဲ့တယ်လို့ သိရပြီး စာရင်းအတိအကျကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါ။

“ ညက အဲ့ဒီဘက်မှာ ဗုံးပေါက်တဲ့အသံ (၂)ချက်လောက်ကြားရတယ်၊ ထိခိုက်တာတွေတော့ သေချာတော့မသိရဘူးပေါ့” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်နေတဲ့ မင်းအောင်လှိုင်နဲ့ ဆက်စပ်နေသူတွေအပါအ၀င် စစ်မှုမထမ်းမနေရဥပဒေကို အားပေးအားမြှောက်ပြုနေသူတွေကို ထိထိရောက်ရောက် တိုက်ခိုက်သွားမယ်လို့ ထပ်မံအသိပေးထားပါတယ်။

နောက်ထပ်ပစ်မှတ်တွေကိုလဲ တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းကာ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနေရာတွေနဲ့ ဝေးဝေးနေဖို့ မေတ္တာရပ်ခံထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နိုင်ငံ့ဝန်ထမ်းတွေကို ဖြစ်သင့်တဲ့ လစာတွေ ပေးထားကာလာဘ်ထိုးတာတွေနဲ့ မဖျက်ဆီးဖို့ဆိုပြီး မင်းအောင်လှိုင်ပြောပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
ဇွန်လ (၁၀)ရက်။ နိုင်ငံ့ဝန်ထမ်းတွေကို ငွေကြေးလာဘ်ထိုးတာတွေနဲ့ မဖျက်ဆီးဖို့ သမ္မတုမင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်းတွေအတွက်
မြန်မာသတင်း

မြန်မာမှာ လူပေါင်း (၁၂)သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
ဇွန်လ (၁၀)ရက်။ မြန်မာမှာ လူပေါင်း (၁၂)သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဌာနချုပ်မှာ ပြုလုပ်တဲ့ UNDP UNFPA
မြန်မာသတင်း

မြန်မာနိုင်ငံတွင်း စစ်တပ်က လူသစ်စုဆောင်းနေစဉ် တော်လှန်ရေးတပ်ဖွဲ့ နယ်မြေများ လက်လွှတ် ဆုံးရှုံးနေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
BBC- ကွမ်တင် ဆွန်မာဗေးလ်(Quentin Sommerville) သတင်းပေးပို့သည်။ BBC-၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၀ရက် ပဲခူးနှင့် ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ။ တောတောင်ထူထပ်သော တောင်တန်းကြီးများအတွင်း နက်ရှိုင်းစွာရှိနေသည့် သူပုန်စခန်းတစ်ခုတွင် ပုန်းအောင်းနေသည့်လူငယ်လေးဦးမှာ မြန်မာ့ပြည်တွင်း စစ်တွင် မည်သည့်အခါကမျှ ပါဝင်ပတ်သက်လိုခြင်း
မြန်မာသတင်း

အပစ်ရပ်(၇)ဖွဲနဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီတို နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၉)ရက်။ ဒီကနေ့ နေပြည်တော်မှာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲနဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီတို တွေ့ဆုံခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီရဲ့ ဖိတ်ကြားတာကြောင့် အပစ်ရပ်(၇)ဖွဲက အဖွဲခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ အဖွဲဝင် (၈)ဦးပါ ညှိနှိင်းရေးအဖွဲက
မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 28 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက် အောက်မှာ မြန်မာလူ့အဖွဲ့အစည်းဟာ အတွေးအခေါ်အလွန်နိမ့်ကျလာခဲ့သလို လူငယ်တွေတွေးခေါ်မြှော်မြင်မှုတွေအားနဲလာခဲ့တယ်၊ အုပ်ချုပ်သူတွေကအစ လူတန်းစားအလွှာအသီးသီးဟာ အကျင့်ပျက်ခြစားလာခဲ့ကြတယ်၊ နောက်ဆုံး
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 22 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။ အဲ့ဒီအစီအစဉ်ကို သံလွင်မြစ်ကြောင်းထဲ စစ်ဆင်ရေး၊ လုံခြုံရေးနဲ့ မြစ်ကြောင်းပိတ်ဆို့တဲ့တာဝန်တွေ ထမ်းဆောင်နေတဲ့ မြစ်တွင်းတိုက်ရေယာဉ်(၃၀၃)က ပြုလုပ်သွားမှာဖြစ်တယ်လို့
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 22 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 22 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ