နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပစ်မှတ်များကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guards) က ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဘက်ကမူ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့အစောပိုင်းက ပြုလုပ် ခဲ့သော တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း အစ္စရေးအပေါ် အီရန်၏ တိုက်ခိုက်မှုများသည် ဆယ်စုနှစ်များစွာ ကြာအောင် အဓိကအားဖြင့် လက်ဝေခံအုပ်စုများ၊ လျှို့ဝှက်စစ်ဆင်ရေးများနှင့် ဂရုတစိုက် တွက်ချက်ထားသော လက်တုံ့ပြန်မှုများမှတစ်ဆင့် ဆင်နွှဲခဲ့သည့် ထိပ်တိုက်တွေ့ဆုံမှု၏ နယ်နိမိတ်များကို ပြန်လည်သတ်မှတ်ရန် အပြင်းထန်ဆုံး ကြိုးပမ်းမှုအချို့ ဖြစ်ခဲ့သည်။

လက်ဘနွန်နိုင်ငံအတွင်း တိုက်ခိုက်ခံရမှုများကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို ပစ်မှတ် ထားခြင်းအားဖြင့် တဟီရန် (Tehran) သည် ၎င်းတို့၏ အနီရောက်စည်းများ (Red lines) မှာ ၎င်းတို့၏ ကိုယ်ပိုင်နယ်စပ်များတွင်သာ ရပ်တန့်မနေတော့ကြောင်းနှင့် ၎င်းတို့၏ ခေါင်းဆောင် များသည် ပိုမိုကြီးမားသော စွန့်စားမှုများကို ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း အရိပ်အမြွက် ပြသလိုက်ခြင်း ဖြစ်ပုံရသည်။

ဤလှုပ်ရှားမှုသည် တဟီရန်တွင် ပိုမိုကျယ်ပြန့်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေသည် ကို ဖော်ပြနေပြီး၊ ထိုနေရာတွင် မျိုးဆက်သစ် ခေါင်းဆောင်များသည် အစ္စလာမ္မစ်သမ္မတ နိုင်ငံတော်၏ ရန်သူများအပေါ် ကျင့်သုံးခဲ့သည့် ရေရှည်မဟာဗျူဟာဖြစ်သော သတိကြီးစွာ ဖြင့် တုံ့ပြန်သည့် ချဉ်းကပ်မှုကို တဖြည်းဖြည်း စွန့်လွှတ်လာကြသည်။ ၎င်းတို့သည် ဟန့်တားမှု နှင့် မဟာဗျူဟာမြောက် စိတ်ရှည်မှုတို့ကို အဓိကအားထားမည့်အစား၊ ယခုအခါ အရှေ့အလယ်ပိုင်း ဖြစ်ရပ်များကို ပုံဖော်ရန်အတွက် စွန့်စားမှုများ ပြုလုပ်ရန်နှင့် အီရန်၏ စစ်ရေး၊ စီးပွားရေးနှင့် ဒေသတွင်း သြဇာအာဏာများကို အသုံးချရန် ပိုမိုဆန္ဒရှိပုံရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကထိုတူညီသော အီရန်ခေါင်းဆောင်ပိုင်းကို “ပို၍ ဆင်ခြင်တုံ တရားရှိသူများ” နှင့် “အတော်လေး ကျိုးကြောင်းဆီလျော်သူများ” ဟု ခေါ်ဆို ခဲ့သည်။

အီရန်သည် အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့ကို စမ်းသပ်နေပြီး ပဋိပက္ခ၏ နောက်ဆုံး ရလဒ်နှင့် ပတ်သက်၍ ၎င်းနှစ်နိုင်ငံအကြား တိုးပွားလာသော သဘောထားကွဲလွဲမှုများကို အခွင့်ကောင်းယူနေပုံလည်း ရသည်။ ထရန့်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် အကြိမ်ကြိမ် လူသိရှင်ကြား သဘောထား ကွဲလွဲခဲ့ပြီး တဟီရန်နှင့် သံတမန်ရေးရာ သဘောတူညီချက်တစ်ခု ရရှိရန် လက်တစ်ကမ်းအကွာတွင် ရှိနေကြောင်းနှင့် အစ္စရေးအနေဖြင့် ယင်းကို လက်ခံရန်မှတစ်ပါး “အခြားရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်” ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အီရန်သည် အစ္စရေး၏ စစ်ရေးအရ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ပံ့ပိုးပေးရန် သို့မဟုတ် တဟီရန်နှင့် သံတမန်ရေးရာ လမ်းကြောင်းကို ထိန်းသိမ်းရန်ဟူသော ရွေးချယ်မှုနှစ်ခုကြားတွင် ဝါရှင်တန်ကို ရွေးချယ်ခိုင်းရန် အောင်မြင်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဇွန်လ ၈ ရက်နေ့က အီရန်၏ တိုက်ခိုက်မှုများအပြီး ဝက်စ်ဘန့်ခ် (West Bank) ဒေသ၊ ဂျေရီခို (Jericho) မြို့ ဆင်ခြေဖုံးတွင် မြေကြီးထဲသို့ တစ်ဝက်ခန့် နစ်ဝင်နေသော ကျဆင်းလာသည့် ရော့ကက်ဒုံးကျည်တစ်စင်းကို အမျိုးသားတစ်ဦးက စစ်ဆေးနေစဉ်။ (ဓာတ်ပုံ – Ahmad Gharabli/AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက