ဧပြီလ (၂၇)ရက်။
ဧပြီလ (၂၅)ရက်နေ့ နေ့လယ်(၁)နာရီခန့်က သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်ထဲရှိ ကျေးရွာတွေကို စစ်ကောင်စီရဲ့ (အမတ-၃၁၄)နဲ့ ခမရ(၉)တပ်စခန်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲကို လက်နက်ကြီး (၇)လုံးနဲ့ ပစ်ခတ်ခဲ့ရာ မရမ်းကုန်းရွာထဲ လက်နက်ကြီး (၂)လုံးနဲ့ အနီး၀န်းကျင်တွေကို (၅)လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာထဲနေ စောမိုးသူဟာ ဘယ်ဘက်ခြေချောင်း ရှပ်ထိပြီး တီးမောင်သိန်းမြင့်ရဲ့ ညာဘက်တထောင်ဆစ်တို့ကို ကျည်စထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလက်နက်ကြီးတွေကြောင့် နေအိမ် (၈)လုံး ထိခိုက်ပျက်စီးခဲ့တဲ့အပြင် စောမောင်ဇော်ပိုင်တဲ့ ရာဘာခြံတစ်ခြံလဲ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ (အမတ-၃၁၄)တပ်စခန်းဟာ သထုံမြို့ရှိ ဇီး၀န်းရွာအနောက်ဘက်မှာ တည်ရှိပြီး ခမရ(၉)တပ်စခန်းကတော့ ၀င်းပရွာမှာ တပ်စွဲထားပြီး မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ သိရပါတယ်။