ဧပြီလ (၂၉)ရက်။
မနေ့က ည(၇)နာရီခွဲအချိန်မှာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်က ညောင်တုန်းလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ (၅)ထိပ်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ (၅)ထိပ်ရဲစခန်းကို ၄၀မမ ဗုံးသီး (၄)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ တိုက်ခိုက်တာ အောင်မြင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ အသုံးပြုခဲ့တဲ့ ၄၀မမက ဧပြီလ (၆)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ “ မမနဲ့အတူ မြို့ပြကူ” ကမ်ပိန်းကနေ ရရှိခဲ့တဲ့ ပြည်သူ့ထောက်ပို့အင်အားနဲ့ ၀ယ်ယူခဲ့တာလို့ အသိပေးထားပါတယ်။
စစ်ဆင်ရေးထဲ တိုက်ခိုက်ခဲ့ကြတဲ့ Dark Shadow ရဲဘော်တွေလဲ နေရပ်ကို ဘေးကင်းစွာနဲ့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ တိုက်ခိုက်တာပြီးတဲ့နောက် လူနာတင်ကားတွေလာတာရှိတယ်လို့ မြေပြင်သတင်းတွေက ပြောဆိုထားပါတယ်။
အရိပ်တပ်သားတွေဟာ ပြည်သူတွေကနေ ဖြစ်လာတဲ့ ရဲဘော်တွေဖြစ်ပြီး ပြည်သူတွေအတွက် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရရှိတဲ့အထိ ဘယ်လိုမတရားတာမျိုးကိုမဆို တွန်းလှန်တိုက်ပွဲ၀င်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။