မေလ (၂၈)ရက်။
ဒီကနေ့ နံနက်(၅)နာရီ (၄၅)မိနစ်အချိန်က မရမ်းကုန်းမြို့နယ်၊ စွယ်တော်အိမ်ယာဝန်းထဲက စစ်ကောင်စီရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Rangoon UG Coloumn(RUC)ထံက သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေရှိတဲ့ ရဲစခန်းကို Yangon Federal Army-YFA နဲ့ God Army တို့ရဲ့ RUC စစ်ကြောင်း မြို့ပြစစ်ဆင်ရေးအနေနဲ့ ပြင်းအားမြင့်ဗုံးတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဆုံးရှုံးတာတွေရှိတယ်လို့ မြေပြင်သတင်းတွေအရ သိရကာ အသေးစိတ်အခြေအနေကို စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးထဲ RUC ရဲဘော်တွေ အထိအခိုက်မရှိဘဲ ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကာ စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။
RUC အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်သွားတဲ့အထိ ပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။