နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဲခူးရိုးမ (၄)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃၅)ဦးသေဆုံးခဲ့

မေလ (၃၁)ရက်။

အခု(၄)ရက်တာ ပဲခူးရိုးမက တိုက်ပွဲထဲမှာ စစ်ကောင်စီတပ်ဘက်က (၃၅)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပဲခူးရိုးမထဲက မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းမှာ ရိုးမဖြတ်လမ်း (၁၂)မိုင်သို့တက်လာတဲ့ စစ်ကောင်စီတပ်တွေကို ခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅)ရဲ့ ဗျူဟာစစ်ကြောင်းက မေလ (၂၆)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲပထမနေ့မှာ စစ်ကောင်စီဘက်က (၁)ဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့သလို မေလ(၂၈)ရက်နေ့ တိုက်ပွဲထဲ ပဒေသာမိုင်း(၆)လုံးနဲ့ မိုင်းခွဲခံရတာကြောင့် စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယနေ့တိုက်ပွဲထဲ တော်လှန်ရေးရဲဘော် (၂)ဦးကျဆုံးကာ (၂)ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က စက်လက်နဲ့ လက်နက်ကြီးတွေအပါအဝင် ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် စခန်းကနေ ယာယီစခန်းကနေ ဆုတ်ခွာခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် မေလ (၂၉)ရက်နေ့ နံနက်(၁၁)နာရီခန့်မှာ ရိုးမဖြတ်လမ်း (၁၉)မိုင်သို့ တက်လာတဲ့ စစ်ကောင်စီအင်အား(၁၀၀)ခန့်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး (၄)နာရီကြာ အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၇)ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး (၄)ရက်တာတိုက်ပွဲထဲ တော်လှန်ရေးရဲဘော်တွေဘက်က လက်လုပ်သေနတ် (၃)လက်နဲ့ ရှေ့ထွက်မိုင်း (၄)လုံး ဆုံးရှုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ရိုးမထဲ သွားလာတာတွေ မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 7 Views
စက်တင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီကျော်အချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ‌ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း လက်နက်အမျိုးအစားဖြစ်တဲ့ ပေါင် (၅၀၀)ဗုံး
မြန်မာသတင်း

တောင်ငူခရိုင်ထဲ ရေကြီးတာကြောင့် ပြည်သူ (၇)ဦးသေဆုံးပြီး (၁၅၀၀၀၀)နီးပါး ရေဘေးသင့်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 7 Views
စက်တင်ဘာလ (၂၂)ရက်။ တောင်ငူခရိုင်ထဲ ရေကြီးရေလျှံတာကြောင့် ပြည်သူ (၇)ဦးသေဆုံးပြီး (၁၄၈၅၀၀)ဦး ရေဘေးသင့်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရန်ကုန်မှာ တော်လှန်ရဲဘော် (၄)ဦး ဖမ်းဆီးခံရပြီး စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်တာခံနေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 6 Views
စက်တင်ဘာလ (၂၂)ရက်။ ရန်ကုန်မှာ တော်လှန်ရေးရဲဘော် (၄)ဦး စစ်တပ်ရဲ့ ဖမ်းဆီးတာကိုခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံနေရတယ်လို့ တကသကျောင်းသားဟောင်းများအင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်‌အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ဆက်တိုက်ပြုလုပ်နေပြီး စစ်ကောင်စီဘက်က တန်ပြန်ဖမ်းဆီးချိန် စက်တင်ဘာလ (၁၉)ရက်မှာ
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 9 Views
စက်တင်ဘာလ (၂၂)ရက်။ မနေ့က ညပိုင်းအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီ (၁၅)မိနစ်နဲ့ (၁၇)မိနစ်တို့မှာ
မြန်မာသတင်း

စစ်အသုံးစရိတ် နှစ်စဉ် ဘီလီလျံချီသုံးနေတဲ့ စစ်ခေါင်းဆောင်က ငွေကို သုံးချင်တိုင်းသုံးမရဘူးလို့ဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 8 Views
စက်တင်ဘာလ (၂၂)ရက်။ ပြည်တွင်းပဋိပက္ခတွေမှာ စစ်အသုံးစရိတ်ကို နှစ်စဉ် ဘီလီလျံနဲ့ချီပြီး သုံးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငွေကို သုံးချင်တိုင်း သုံးမရဘူးလို့ မနေ့က ရေဘေးအတွက် အလှူငွေတွေ လက်ခံတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မြန်မာမှာ ရုတ်တရက်ရေကြီးတာကြောင့် ရေဘေးသင့်သူ (၉)သိန်းနီးပါးရှိပြီး (၃၀၀)ကျော်သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 13 Views
စက်တင်ဘာလ (၂၁)ရက်။ မြန်မာနိုင်ငံထဲ ရုတ်တရက် ရေကြီးတာကြောင့် နေရပ်စွန့်ခွာသူတွေအပါအ၀င် ရေဘေးသင့်သူဦးရေ (၈၈၇၀၀၀)ခန့်ရှိပြီး (၃၀၀)ကျော်သေဆုံးခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေကြီးတာဖြစ်ပွားခဲ့ပြီး (၁၀)ရက်အကြာမှာ ပဲခူး၊ ကယား၊ မကွေး၊
မြန်မာသတင်း

စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 14 Views
စက်တင်ဘာလ (၂၁)ရက်။ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ကာ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပေးပို့တဲ့သ၀ဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာရှင်တွေကြောင့် ဘေးဒုက္ခပေါင်းစုံကို ပြည်သူတွေက ခါးစည်းခံစားနေရကာ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ မြို့မဈေးအပါအ၀င် (၃)နေရာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်နဲ့ ဆိုင်ခန်းအချို့ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 11 Views
စက်တင်ဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နောင်ချိုမြို့နယ်ထဲရှိ နေရာ (၃)နေရာကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ