မေလ (၃၁) ရက်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တည်ထောင်ခဲ့တာ ဒီနေ့ မေလ ၃၁ ရက်မှာ (၃) နှစ်ပြည့်ပြီလို့ သိရပါတယ်။
၃ နှစ်တာ ကာလအတွင်း KNDF နဲ့ ကရင်နီပူးပေါင်းတပ်တွေက ကရင်နီပြည်ထဲက မြို့ (၇) ခုနဲ့ ကရင်နီပြည်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်နိုင်ခဲ့ပြီလို KNDF က ပြောဆိုထားပါတယ်။
သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြိုတွေကတော့ မယ်စဲ့၊ မော်ချီး၊ ရွာသစ်၊ ဒီးမော့ဆို၊ နန်းဖယ်ခုံ၊ မိုးဗြဲနဲ့ ရှားတောစတဲ့ မြိုတွေ ဖြစ်ပါတယ်။
ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၂ သိန်းခွဲနီးပါးလည်း လက်ရှိအချိန်ထိ စစ်ရှောင်နေရတယ်လို ဆိုပါတယ်။
ဓာတ်ပုံ-အခြေခံစစ်သင်တန်း အပတ်စဉ်(၃)၊ လေ့ကျင့်မှုများ/
KNDF