နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီ ဝင်စီးပြီး ဒေသခံတွေကို အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ရာ ၄၀ ကျော်သေဆုံး

ဇွန်လ (၁) ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် ဗျိုင်းဖြူရွာမှ ဒေသခံ ၄၁ ဦးကို စစ်ကောင်စီနဲ့ ALP တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်ဒေသခံကတွေက ပြောတယ်လို့ ရခိုင်ဒေသတွင်းသတင်းရင်းမြစ်တခုဖြစ်တဲ့ DMG က သတင်းဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စောမြရာဇာလင်း ဦးဆောင်တဲ့ ALP တပ်ဖွဲ့ဝင်တွေ မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးကာ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ နို့စို့အရွယ်ကလေးများပါမကျန် ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ALP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခိုင်သူရိန်က “ အဲ့ဒါကတော့ လုံးဝမှန်ကန်မှု မရှိပါဘူး။ ဒါက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါ၊ ကျွန်တော်တို့ စစ်တွေမှာ ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဗျိုင်းဖြူရွာ ကိစ္စမှာတော့ လုံးဝကို ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ နောက်တစ်ခုက ရခိုင်ပြည်သူ အကျိုးစီးပွားကို ထိခိုက်စေမဲ့လုပ်ရပ် ကျွန်တော်တို့ အဖွဲ့အစည်းက ဘယ်တော့မှ မလုပ်ပါဘူး။ ကူညီဆောင်ရွက်ပေးနေတာပဲ ရှိတယ်။ ဘယ်ပြည်သူလူထုကိုမှ ဖိနှိပ်တာ၊ ဒုက္ခပေးတာမျိုး ဘာတစ်ခုမှ မရှိပါဘူး။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို လိုက်ဖြေရှင်းနေရင်လုပ်ဆောင်ရမဲ့ လုပ်ဆောင်ချက်တွေ နှောင့်နှေးတယ်” ဟု မီဒီယာတွေမှာ ပြောဆိုထားပါတယ်။

အဲ့လို ဖမ်းဆီးပြီးတဲ့ပြီးနောက် ကျေးရွာစာသင်ကျောင်း၊ ရွာသင်္ချိုင်းနဲ့ ရွာဝင်လမ်းမတို့မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ မျက်မြင်တွေက ပြောတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေ အပြစ်မရှိပါဘူး။ လွှတ်ပေးလိုက်ပါလို့ပြောတဲ့သူတွေကိုလည်း သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ Arakan လို့ တက်တူးထိုးထားသူတွေကိုလည်း သတ်လိုက်တယ်။ တခြား မေးမြန်းစစ်ဆေးလို့ မရဘူးဆိုရင်လည်း ပစ်သတ်လိုက်တယ်။ လမ်းမထက်မှာ ဘယ်သူဘယ်ဝါမှန်း မသိဘဲ သေနေတဲ့သူတွေလည်း အများကြီး ရှိပါတယ်” ဆိုပြီး မျက်မြင်သက်သေတွေက ပြောတယ်လို့လည်း သိရှိရပါတယ်။

DMG စုံစမ်းချက်အရ သေဆုံးသွားသူတွေထဲမှာ အသက် ၁၅ နှစ်မှ အသက် ၇၀ ကြားအရွယ် အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ဒေသခံတွေရဲ့ ရုပ်အလောင်းတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ပြီး၊ တချို့ရုပ်အလောင်းတွေကို ကားနဲ့သယ်သွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် ဖမ်းဆီးထားသူတချို့ကိုလည်း ကားနဲ့ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသမီးတွေအိမ်း အမျိုးသားတချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပေမယ့် ကျေးရွာအတွင်းကို လုံးဝဝင်ရောက်ခွင့်ပေးဘူးလို့ သိရပါတယ်။

အခုဖြစ်စဉ်မှာ မြို့တွင်းကျန်ရှိနေတဲ့ စစ်တွေမြို့ခံတွေကို အကြောက်တရား ရိုက်သွင်းတာဖြစ်ပြီး တစ်ဖက်မှာလည်း စစ်တွေမြို့ကို AA ဝင်တိုက်လာမှာကို စိုးရိမ်တဲ့အတွက် မြို့ဝင်ပေါက်တွေကို ကြိုတင်ဖြိုခွင်းထားတာ ဖြစ်နိုင်တယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောထားပါတယ်။

စစ်တွေမြို့ဝင်ပေါက် အဝေးပြေးလမ်းမကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး အခြားဝင်လမ်းတွေဖြစ်ကြတဲ့ ဆတ်ရိုးကျ၊ ကျေးတော၊ ရွှေမင်းဂံ၊ သံဘော်လီ စတဲ့ ကျေးရွာတွေကိုလည်း ဗျိုင်းဖြူရွာလိုမျိုး ဆက်တိုက်လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဗျိုင်းဖြူရွာကို ဝင်မစီးခင်က စစ်တွေမြို့နယ်၊ ရွှေမင်းဂံရွာကို စီးနင်း ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို ဘက်ဟိုးနဲ့ ဖြိုခဲ့ပြီး မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စစ်တွေမြို့မှာ စစ်ကောင်စီကားတွေ လှည့်လည်သွားလာနေပြီး ဆတ်ရိုးကျ (ဗျိုင်းဖြူရွာ) ကျေးရွာကို အဝင်အထွက် လုံးဝပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ရခိုင်စစ်ပွဲ ၆ လအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၄၂၅ ဦးကို မတရားဖမ်းဆီးခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မေ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ။

စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှာ ပြည်သူများကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 15 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ပြည် ကျောက်တော်မြိုပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက် များနှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီး တစ်ဝိုက်ကို စစ်တပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်တွင် ၊ ကျောက်တော်မြိုပေါ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄)
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 25 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့