ဇွန်လ (၅)ရက်။
မနေ့က မနက်ပိုင်းအချိန်က မကွေးတိုင်း၊ ပေါက်မြို့ရှိ ခင်ရှည် (တောင်) ရွာဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ခင်ရှည်(တောင်)ရွာက ဆေးပေးခန်းကို တံတားဦးမြို့ဘက်ကလာတဲ့ ဂျက်ဖိုက်တာတစ်စီးက (၄)ကြိမ်ဝဲပျံပြီး စက်လက်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အခုလိုပစ်ခတ်ခံရတာကြောင့် ကျေးရွာဆေးပေးခန်းရဲ့ အဆောင်(၂)ခု ပျက်စီးခဲ့ရပြီး အနီးရှိ နေအိမ်တစ်အိမ်က နွားတစ်ကောင်သေဆုံးကာ တစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကျေးရွာထဲကိုလဲ လေကြောင်းကနေ စက်လက်နဲ့ (၂)ကြိမ် ထပ်မံရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ကျောင်းသူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ပေါက်မြို့ရှိ ခင်ရှည်(တောင်)ရွာကို စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ လူ့အခွင့်ရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။