နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြို့နယ်ပေါင်း (၈၀)ကျော် အင်တာနက်ပိတ်ဆို့ခံထားရတယ်လို့ NUG ထုတ်ပြန်

ဇွန်လ (၈)ရက်။

မြန်မာရှိ တိုင်းနဲ့ပြည်နယ် (၁၃)ခုမှာ အင်တာနက်ဖြတ်တောက်ခံရပြီး မြို့နယ်ပေါင်း (၈၀)ကျော်ဟာ အင်တာနက်ပိတ်ဆို့ခံထားရတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းပြည်အာဏာကို မတရားလုယူဖို့ ကြိုးစားခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရတာ ဒုတိယအများဆုံးနိုင်ငံဖြစ်လာတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေရဲ့ အထွေထွေအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်တာတွေနဲ့ သူတို့ရဲ့ အကြမ်းဖက်တာတွေ၊ စစ်ရာဇ၀တ်မှု ကျူးလွန်တာတွေကို ဖုံးကွယ်နိုင်ဖို့အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်တာ၊ လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်ကို ပိတ်ပင်တာနဲ့ အင်တာနက်ပိတ်ဆို့ဖြတ်တောက်တာတွေကို လက်နက်သဖွယ် အသုံးပြုလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူတွေ သုံးစွဲနေတဲ့ Facebook ကိုပိတ်ပင်ပြီး သုံးစွဲသူရဲ့ ဒေတာအချက်အလက်တွေ သိနိုင်ဖို့ရည်ရွယ်တဲ့ လူမှုကွန်ယက်စာမျက်နှာကို တီထွင်ကာ ပုဂ္ဂလိကဆိုင်ရာ လုံခြုံမှုကို ချိုးဖောက်ဖို့ ကြိုးစားနေတယ်လို့လဲ ရေးသားထားပါတယ်။

အခုလို ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပိတ်ဆို့ဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချတယ်လို့ NUG က ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်တဲ့ နေရာတွေမှာ လွတ်လပ်တဲ့ အင်တာနက်ကွန်ယက် အစားထိုးတည်ဆောက်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ တော်လှန်ရေးထဲ အခုထက်ပိုပြီး ထောက်ခံအားပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 26 Views
နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး” မင်းအောင်လှိုင်ကအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ ပြီးပြည်နယ်တွေ တိုင်းတွေကို ဗုံးတွေကြဲနေတယ်၊ နောက်သူသမတတက်လုပ်ပြီးတဲ့နောက် မတရား ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးမယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အများစုကိုလွှတ်မပေးဘူး။
မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 27 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 26 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် NUCC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 24 Views
ဧပြီလ (၂၅)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်ပေါင်း (၁၀၀)ထဲ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး NUCC က ဒီကနေ့မှာ သဘောထားထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖိတ်ခေါ်တာဟာ စစ်အာဏာသိမ်းတာကြောင့် ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ခြေ/ဥနဲ့ NCA လမ်းကြောင်းကနေတဆင့် တော်လှန်ရေးအင်အားစုတွေကို သက်လျှိုသွေးခွဲဖို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ကပစ(၂၄) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 34 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၀)ရက်နေ့က ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၂၄)ကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကပစ(၂၄)ကို MGY–30 Special Operations Unit–3
မြန်မာသတင်း

ဝက်လက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 33 Views
အရပ်သားတဦးသေဆုံးပြီး စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့ ဧပြီလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၁)နာရီခွဲအချိန်က ဝက်လက်မြို့ မုဆိုးခြုံ(ရွာမ)ရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုဆိုးခြုံ(ရွာမ)ရွာစာသင်ကျောင်းကို
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတယ်လို့ MNDAA ပြော

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 31 Views
ဧပြီလ (၂၄)ရက်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ လူမှုကွန်ရက်စာမျက်နှာတွေမှာ “ The Kokang” နဲ့ တရုတ်ဘာသာနဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံ‌ခြားရေးဝန်ကြီးပြောတယ်ဆိုပြီး စစ်လော်ဘီတွေဖြန့်ဝေနေ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 29 Views
ဧပြီလ (၂၄)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ရေးသားဖြန့်ဝေနေကြတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ နေပြည်တော်ကို ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့