နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

သံလျင်တံတားဖွင့်ပွဲ အခမ်းအနားကို ၁၇၀ မမ နဲ့ ပစ်ဖို့ကြံရွယ်တဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ဇွန်လ (၁၀) ရက်။

ပြီးခဲ့တဲ့ ဇွန်လ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ သံလျင်တံတားဖွင့်ပွဲ အခမ်းအနားကို ၁၇၀ မမ နဲ့ ပစ်ဖို့ ကြံရွယ်တဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ (၁၀) ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

စိန်ကြီး ခေါ် ကိုအောင်ထွေး (၂၆ နှစ်)၊ ချိုကြီး ခေါ် ဟိန်းထက်အောင် (၁၈ နှစ်)၊ ကိုမင်းသူ (၃၀ နှစ်)၊ မောင်ပြည့်ဖြိုးဇော် (၁၈ နှစ်)၊ ကိုထက်အာကာလင်း (၂၆ နှစ်) တို့ ၇ ဦးကို ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံး၊ လက်ပစ်ဗုံး (၂) လုံး နဲ့ အခြားစက်ဆပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ (၇) ဦးဟာ NUG လက်အောက်ခံ ရန်ကုန် UG အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ (၇) ဦးရဲ့ ထွက်ဆိုချက်အရ ကိုချစ်ကေခိုင် (၃၈ နှစ်)၊ နဲ့ ကိုဇာနည်အောင် ခေါ် ကိုဇာ (၃၂ နှစ်) တို့ကိုလည်း ဇွန်လ (၉) ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။ သူတို့နဲ့အတူ တခြားအဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးထားပြီး စုစုပေါင်း (၉) ဦး ရှိတယ်လို့ သိရပါတယ်။

သူတို့ အဖွဲ့ကို ရှော့တိုက်ဒုံးပစ်နည်း သင်ကြားပေးတီ Brigade Drone Force က ကိုအာကာမင်းကိုတော့ ဖမ်းဆီးဖို့ ကျန်သေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို သတင်းပေးတဲ့သူတွေကိုလည်း ဆုငွေတွေ ချီးမြှင့်ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 12 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့်
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 24 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်
မြန်မာသတင်း

စစ်တပ်ရဲ့ သမ္မတရွေးချယ်ပွဲ အခုလကုန်မှာလုပ်မယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 19 Views
မတ်လ (၂၀)ရက်။ အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။ သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်ဖို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲအလိုက် အစည်းအဝေးကို
မြန်မာသတင်း

ရှမ်းမန်းစစ်ဆင်ရေးထဲပါဝင်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 21 Views
မတ်လ (၂၀)ရက်။ မတ္တရာအခြေစိုက် ဒေသကာကွယ်ရေးတတပ်တခုဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲဟာ PDF ကွပ်ကဲမှုအောက် ဝင်ရောက်ပူးပေါင်းလာခဲ့တယ်လို MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမျိုးမှန်တပ်ဖွဲဟာ ရှမ်းမန်းစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်အပါအဝင် PDF တပ်ရင်း၊ တပ်ဖွဲ၊
မြန်မာသတင်း

အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတွေ စစ်မှုထမ်းဖို CNF တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 13 Views
မတ်လ (၂၀)ရက်။ အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတိုင်း စစ်မှုထမ်းဖို ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေတဆင့် အတုအယောင်လွှတ်တော်နဲ့ စစ်တပ်အခွံလဲအစိုးရကို ဖွဲစည်းပြီး စစ်အုပ်စုအာဏာတည်ဖို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့ နိုင်ငံတကာကို
မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 20 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့ PDF အဖွဲဝင်တွေကို ဒီကနေ့ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က မိဘတွေဆီ ပြန်လည်အပ်နှံတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 25 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတနဲ့ ဒုသမ္မတကို ရွေးချယ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့အလိုက်