ဇွန်လ (၁၃)ရက်။
မနေ့က ညနေ(၅)နာရီကျော်အချိန်မှာ ကျိုက်မရောအကျဉ်းထောင်ထဲ အကျဉ်းသားတစ်ဦး ဓါတ်လိုက်ကာ အမြင့်ပေ (၂၀)ကျော်ရှိ အုတ်ရိုးပေါ်က ပြုတ်ကျခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အမြင့်ပေ (၂၀)ကျော်ရှိ အုတ်ရိုးကနေ ဓါတ်လိုက်ပြုတ်ကျတဲ့ အကျဉ်းသားဟာ အမျိုးသမီးအဆောင်နဲ့ အမျိုးသားအဆောင်ကြား သွပ်ကာနေတဲ့အချိန် ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။
အခုအခါ ဓါတ်လိုက်ပြုတ်ကျတဲ့ အကျဉ်းသားအနေနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသတာတွေ ခံယူနေတယ်လို့ ဖော်ပြထားပါတယ်။
“ အမြင့်ပေ(၂၀)မှာ အလုပ်လုပ်ခိုင်းတော့လဲ ထောင်အာဏာပိုင်တွေက တက်ပြီးအလုပ်လုပ်မယ့်သူကို အန္တရာယ်ကင်းစေမယ့် အသုံးအဆောင်တွေ စီမံပေးတာမရှိလို့ အခုလို ပြုတ်ကျရတာဖြစ်တယ်” လို့ PPNM က ပြောဆိုထားပါတယ်။
အခုလို အမြင့်ပေ(၂၀)ကနေ ဓါတ်လိုက်ပြုတ်ကျတဲ့ အကျဉ်းသားဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အသိပေးထားပါတယ်။
အခုဖြစ်စဉ်မှာ ထောင်ထဲ ဆန္ဒပြတဲ့အထိ ဖြစ်ပွားခဲ့တာမရှိဘဲ အကျဉ်းသူတွေက ဓါတ်လိုက်ပြီးပြုတ်ကျခဲ့တဲ့ အကျဉ်းသားကို အမြန်ဆုံးဆေးရုံပို့ပေးဖို့ အော်ဟစ်တောင်းဆိုခဲ့တာဖြစ်ပြီး စိတ်မပူကြဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။