နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်ပြည်နယ် ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို AA အရှိန်မြှင့် ထိုးစစ်ဆင်နေ

ဇွန်လ (၁၃)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် (AA) က အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။

တောဟိန်းတောင်ဗျူဟာကုန်း၊ ရှောက်ခြုံကျေးရွာအနီးရှိ တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဇွန်လ (၁၂) ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။။

ဇွန်လ ၁၂ ရက်က ကဇုကိုင်းဒေသအတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အမ်းမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ရန်ကုန် – စစ်တွေကားလမ်းမအနီးရှိ တောဟိန်းတောင်ဗျူဟာကုန်းဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ဗျူဟာကုန်းတစ်ခုဖြစ်တဲ့အတွက် စခန်းမဆုံးရှုံးရအောင် စစ်ကောင်စီက အပြင်းအထန် ခုခံနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မောင်တောကို AA က တိုက်ခိုက်နေတာ မကြာခင်မှာ ထိန်းချုပ်နိုင်မယ့် အနေအထားရှိတယ်လို့ မြေပြင်စစ်ရေးရင်းမြစ်က ပြောပါတယ်။

သံတွဲကိုလည်း AA က ထိုးစစ်ဆင်နေပြီး အမ်းကိုလည်း တွဲပြီးတိုက်နေတယ်။ ဧရာဝတီနဲ့အနီးဆုံးနေရာဖြစ်တဲ့ ဂွကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့အင်အားဟာ တော်တော်လေးလျော့နည်းလာနေပြီး မြို့တွေမှာလည်း မြို့စောင့်တပ်နဲ့ ရဲစခန်းလောက်သာ ရှိတဲ့အတွက် AA ဘက်က အားသာနေတယ်လို့ ဆိုပါတယ်။

အမ်းဘက်မှာလည်း စစ်ရှိန်မြင့်လာတဲ့အတွက် မကြာခင်မှာ AA လက်ထဲရောက်ရှိတော့မယ်လို့ မြေပြင်စစ်ရေးရင်းမြစ်က ဆိုပါတယ်။

တိုက်ပွဲ ၇ လတာအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်က မြို့နယ် ၉ ခုအထိ သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာ ကျန်ရှိနေသေးတဲ့ နေရာတွေကိုလည်း အလုံးစုံ သိမ်းပိုက်သွားမယ်လို့ ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကမ္ဘာလုံးဆိုင်ရာ အခြေအနေ အကျဉ်းချုပ် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 18 Views
လက်ရှိ နိုဝင်ဘာလတွင် နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အဓိက အာရုံစိုက်နေရသော အခြေအနေများမှာ- ၁။ ရုရှား-ယူကရိန်း တင်းမာမှုများနှင့် စိုးရိမ်မှုများ အပူပေးစနစ်နှင့်
မြန်မာသတင်း

ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 35 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း (၄၀)ကျော် ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 32 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့မှာ တနင်္သာရီတိုင်းထဲရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာ KNLA၊ BPLA နဲ့ Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့
မြန်မာသတင်း

နေပြည်တော် တပ်ကုန်းမြို့ရှိ စစ်တပ်လုံခြုံရေးကင်းစခန်း စီးနင်းရှင်းလင်းခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 24 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းအချိန်က နေပြည်တော် တပ်ကုန်းမြို့ရှိ စစ်တပ်ရဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစခန်းမှာ စစ်တပ်က (၂)နှစ်လောက် တပ်စွဲထားတာ။ စခန်းကို
မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 21 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ (၄)ရက်လောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့ဧရိယာအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာ။ အသေးစိတ်ကတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေက
မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းတပ်သားအချို့ကို နှုတ်ထွက်ခွင့်ပေးတယ်ဆိုပြီး စစ်ကော်မရှင် ပုံဖော်ဝါဒဖြန့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 23 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က စစ်ကော်မရှင်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သားအချို့ကို စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ထုတ်ပေးတဲ့အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းပြီးကြောင်း လက်မှတ်ပေးအပ်တာဟာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေထဲက စစ်မှုထမ်းကာလ (၃)ပုံ (၁)ပုံ လျှော့ပေါ့ခွင့်ရရှိတဲ့
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 36 Views
နိုဝင်ဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ပေါင်း (၂၅၀)အထိ ကျူးလွန်ခဲ့ပြီး ‌ပြည်သူ
မြန်မာသတင်း

ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 43 Views
ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ နိုဝင်ဘာလ (၁၃)ရက်။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့က ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စာလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းဘက်မှာ ကြံ့ဖွတ်ပါတီက မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ