ဇွန်လ (၁၄)ရက်။
(၃)နှစ်တာကာလထဲ စိုးမိုးနယ်မြေတွေရှိ ဆေးရုံ၊ ဆေးခန်းနဲ့ ရွေ့လျားဆေးခန်းပေါင်း (၇၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
၂၀၂၁ခုနှစ် ဧပြီလ (၁၆)ရက်ကစပြီး ၂၀၂၄ခုနှစ် ဧပြီလ (၁၆)ရက်နေ့အထိ ဆေးရုံ (၇၇)ရုံ၊ ဆေးခန်း (၃၇၇)ခုနဲ့ ရွေ့လျားဆေးခန်း (၂၅၀)ခုတို့မှာ ဆေးကုသမှုလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ခွဲစိတ်တာနဲ့ လွှဲပြောင်းကုသတာတွေ ပြုလုပ်ပေးပြီး ပဏမကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြည်သူ့ကျန်းမာရေးအနေနဲ့ ပြင်ပလူနာ၊ မိခင်၊ ကလေးနဲ့ မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ ကူးစက်ရောဂါထိန်းချုပ်ရေး၊ ကာကွယ်ဆေးထိုးနှံတာ၊ အာဟာရဖွံ့ဖြိုးတာနဲ့ ကျန်းမာရေးပညာပေးတာတို့ကို လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ပြင်ပလူနာ (၁၁၅၈၃၇၇)၊ အသေးစားအကြီးစားခွဲစိတ်မှု (၄၀၁၆၉)၊ လူနာလွှဲပြောင်းပို့ဆောင်တာ (၄၁၄၀)တို့ကို လုပ်ဆောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုထုတ်ပြန်တဲ့ အချက်အလက်တွေဟာ ကျန်းမာရေးဆေးရုံ၊ ဆေးခန်း (၇၀၀)ကျော်အနက် (၂၂၁)ခုဆီက သတင်းပေးပို့တဲ့ အစီရင်ခံစာတွေကို ဖော်ပြတာဖြစ်ပြီး မြေပြင်မှု လူနာအရေအတွက်က (၃)ဆကျော် ပိုများနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။