နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်မိသားစုတွေနဲ့ ဝန်ထမ်းတွေကို ဂွမြို့မှာ နေရာချထား

ဇွန်လ (၂၅)ရက်။

တိုက်ပွဲဖြစ်ပွားနေတဲ့ သံတွဲခရိုင်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်မိသားစုတွေနဲ့ ဝန်ထမ်းတွေကို ဂွမြို့မှာ နေရာချပေးထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

“ ရခိုင်မှာက လုံးဝအခြေအနေမကောင်းတော့ဘူး၊ သံတွဲက နောက်ပြန်လာတဲ့ တပ်မိသားစုတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ဂွမြို့မှာ နေရာပေးထားတယ်၊ ရခိုင်နဲ့ ဧရာဝတီအစပ်က ချောင်းဝဂျိုင်မှာလဲ အင်အားအလုံးအရင်းချထားတယ်” လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်၊ မြန်အောင်၊ ငါးသိုင်းချောင်းမြို့တွေက စစ်အင်အားတွေကို ဂွမြို့သို့ ပို့ပေးနေကာ အဓိကကျတဲ့ ငါးသိုင်းချောင်းမြို့ရှိ ဂျပန်ရုံးမှာ အင်အား(၃၀)ခန့်နဲ့ လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ရေလမ်းကြောင်းလုံခြုံရေးအတွက်ကိုလဲ ဂွမြို့မှာ စစ်သင်္ဘောတစ်စီးနဲ့ မကျီးဇင်ဘက်မှာ တစ်စီးချထားကာ ငါးဖမ်းစက်လှေတွေဆီကနေ ဖမ်းမိတဲ့ငါးတွေကို တောင်းယူတာတွေရှိတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီဟာ ရခိုင်အတွက် စစ်တပ်ရိက္ခာတွေကို ရေလမ်းကြောင်းကနေ ငါးဖမ်းစက်လှေတွေ အသုံးပြုကာ ပို့ပေးနေပြီး မကျီးဇင်-ကျောက်ချွန်း-ဂွလမ်းကနေ Faw ကားတွေအသုံးပြုပြီး ပို့ပေးနေတာပါ။

ပုသိမ်မြို့ အနောက်ဘက်ကမ်းခြေပိုင်းနဲ့ မကျီးဇင်၊ ဘောမိ၊ ကျောက်ချွန်းနဲ့ ဂွလမ်းက စားသောက်ကုန်တွေကို ရခိုင်ကိုပို့နေတယ်ဆိုပြီး စစ်ကောင်စီက ကျေးရွာထဲကို ဝင်ရောက်စစ်ဆေးကာ သိမ်းဆည်းတာတွေလဲရှိနေပါတယ်။

ပုသိမ်နဲ့ ဟင်္သာတခရိုင်တို့ကနေ ရခိုင်ပြည်နယ် နယ်စပ်ဝင်ပေါက်လမ်းကြောင်းတွေကို အင်အားတိုးချထားပြီး ကုန်စည်လမ်းကြောင်းကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ပိတ်ထားတယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အမှု(၃)မှုနဲ့ မင်းကင်းပကဖတာဝန်ခံ အမှုဖွင့်ခံထားရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၆)ရက်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲဝင် ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို အမှုဖွင့်ခံ ထားတယ်လို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ်ဆိုတာ သတင်းအမှားလို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 23 Views
ဒီဇင်ဘာလ (၁၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်တပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ပြုလုပ်တဲ့ (၈၀)ကြိမ်မြောက် ကုလညီလာခံရဲ့ (၆၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ပတ်သက်ပြီး အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာကို
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) အဖြစ် တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းအပေါ်သဘောထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 33 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ဒီဇင်ဘာလ ၁၅ရက်နေ့ကြေငြာချက်ဖြင့် ‌ပြည်သူအများက မျှော်လင့်နေကြသော တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့က တော်လှန်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် မိမိတို့၏အတ္တမာနများထက် တိုင်းပြည်ကို
၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို
မြန်မာသတင်း

တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ NUG ကို ကိုရီယားရောက်မြန်မာတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘူဖျောင်းခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုရီးယားရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားနိုင်ငံ NUG
မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ် အခြေချနေထိုင်မှုများကို အကြီးအကျယ် ထပ်မံတိုးချဲ့သည့်အနေဖြင့်၊ အစ္စရေးလ်အစိုးရ အဖွဲ့သည် ကြာသပတေးနေ့တွင် အခြေချနေထိုင်သည့် စခန်းငယ်
မြန်မာသတင်း

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦးမိုးဇော်ဦးကို NUG ပြန်လည်ခန့်အပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 29 Views
ဒီဇင်ဘာလ (၁၅)ရက်။ NUG က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦး‌မိုးဇော်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို ခန့်အပ်တာဝန်ပေးတာဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမိုးဇော်ဦးဟာ NUG