နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီနဲ့ PNO က ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ဆက်ကြေးတောင်းနေ

ဇွန်လ (၂၆)ရက်။

ဇွန်လ (၂၄)ရက်နေ့က ဆီဆိုင်မြို့အရှေ့ဘက်ရှိ ထီဆုံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ကျေးရွာထဲကျရောက်ပြီး အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဟာ ညနေ(၄)နာရီကနေ ည(၉)နာရီအထိ (၅)နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီနဲ့ လက်အောက်ခံ PNO တို့ဟာ လွယ်မောတောင်ဒေသက ပအိုဝ်းကျေးရွာတွေကို အသုံးစရိတ်အနေနဲ့ တအိမ် (၃)သောင်းကျပ် ကောက်ခံနေပြီး ရွာအပြင်ထွက်ခွင့် ပိတ်ထားတယ်လို့ ရေးသားထားပါတယ်။

ဇွန်လ (၂၀)ရက်နေ့ကလဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO တို့ဟာ ဆီဆိုင်မြို့ရှိ လွယ်ထွဲရွာမှာ ပုံမှန်ဈေးလာရောင်းနေတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။

သတ်ဖြတ်ခံရတဲ့ လူငယ်နှစ်ဦးဟာ ညောင်ရွှေမြို့နယ်၊ ကျားတွန်ရွာက တောင်ရိုးလူမျိုး မိုးထက်နဲ့ ကျော်လွင်ဦးဆိုသူဖြစ်ကာ စုစုပေါင်း (၃)ဦးဖမ်းဆီးခံခဲ့ရပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 4 Views
၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။ ကိုမောင်မောင်ကျော်ဟာ ၁၉၈၈ခုနှစ်စစ်အာဏာမသိမ်းခင်ကတည်း စစ်အာဏာသိမ်း တော့မည်ကို ကြိုတင်ခန့်မှန်းမိပြီးတောခိုခဲ့သူဖြစ်ပါတယ်။ ကိုမောင်မောင်ကျော် ရဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို ဦးထွန်းအောင်ကျော်ကမေးမြန်းပြီး အပြန်အလှန် ဆွေးနွေးတာကို
မြန်မာသတင်း

စစ်ခေါင်းဆောင်က အမြင်မှန်ရပြီး စနစ်ပြောင်းမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းမယ်မထင်ဘူးလို့ ဦးရည်မွန်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 17 Views
စက်တင်ဘာလ (၁၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စနစ်ပြောင်းဖို့  ‌ဆန္ဒရှိမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းပယ်မယ်မထင်ဘူးလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PVTV
နိုင်ငံတကာသတင်း မြန်မာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ကာတာနိုင်ငံတွင်းမှာ အစ္စရေးက ဟားမတ်စ်အဖွဲ့ ခေါင်းဆောင်မှုအပေါ် မကြုံစဖူး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 16 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၀ရက် အစ္စရေးဟာ”အစည်းအဝေးကိုမီးတိုက်ခြင်း”ဟု အမည်ပေးထားသော စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂါနေ့က ကာတာနိုင်ငံမြို့တော်ရှိ အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းနေသော ဟားမက်စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ၊ အရေးကြီးသော အမေရိကန်မဟာမိတ်နိုင်ငံနှင့် ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ များတွင်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဆက်သွယ်ခွင့် သားဖြစ်သူတောင်းဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 24 Views
စက်တင်ဘာလ (၁၀)ရက်။ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူးဆိုတာကို စစ်တပ်က သတင်းအမှားလို့ ပြောဆိုတဲ့အတွက် အတည်ပြုနိုင်အောင် ဆက်သွယ်ခွင့်ရဖို့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ “ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ မေမေ နေမကောင်းဘူး”
မြန်မာသတင်း

ရွေးကောက်ပွဲ ပျက်ပြားအောင်လုပ်တယ်ဆိုပြီး အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးထောင်ချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 18 Views
စက်တင်ဘာလ (၁၀)ရက်။ တောင်ကြီးမြို့က အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးထောင်ချခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဩဂုတ်လ (၂၅)ရက်နေ့က တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်(၁)က အသက်(၃၆)နှစ်အရွယ် ကိုနေသွေးဆိုသူကို လူမှုကွန်ရက်စာမျက်နှာမှာ
မြန်မာသတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်အတွက် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်ဖို့ NUCC နဲ့ NUG တွေ့ဆုံ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 22 Views
စက်တင်ဘာလ (၁၀)ရက်။ မနေ့က ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိအောင် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံတာဟာ တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိဖို့ကို ရည်ရွယ်ကြိုးပမ်းသွားမယ့်
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံရှိ စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသား တပ်မတော် (KNA)ကိုအ‌ရေးယူလိုက်ပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 21 Views
အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း။ သတင်းထုတ်ပြန်ချက် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက် အရှေ့တောင်အာရှရှိ ရာဇဝတ်မှုကျူးလွန်သူများသည် အမေရိကန်နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှုအားနည်းချက်များကို အခွင့်ကောင်းယူကာ အလွဲသုံးစားလုပ်မှု ပိုများ လာသည်။
မြန်မာသတင်း

NDF အပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို စစ်ကော်မရှင်ဖျက်သိမ်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 65 Views
စက်တင်ဘာလ (၉)ရက်။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီအပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို ဖျက်သိမ်းလိုက်တယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံရတဲ့ ပါတီတွေဟာ NDF အပြင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ဖြစ်တယ်လို့