ဇွန်လ (၂၇)ရက်။
စစ်ကောင်စီရဲ့ပစ်ခတ်သတ်ဖြတ်တာကြောင့် ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ်တော်ကို ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ လူသောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ်တော်ကို ဆင်ဖြူကွင်းရှိ လောင်တိုက်သို့ ပို့ဆောင်ချိန် ရဟန်းရှင်လူပြည်သူတွေက မိုးထဲရေထဲကနေ လိုက်ပါပို့ဆောင်နေကြတယ်လို့ ဆိုပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ရုပ်ပလာပ်တော်ကို တပည့်သံဃာတွေကဦးဆောင်ပြီး ကရဝိတ်ဖော်တော်ပေါ် ပင့်ဆောင်ကာ ဆင်ဖြူကွင်းသုသာန်ရှိ လောင်တိုက်တော်သို့ ပို့ဆောင်ခဲ့ကြတာလို့ သိရပါတယ်။
လောင်တိုက်ရှိရာ ဆင်ဖြူကွင်းသုသာန်မှာလဲ ဆရာတော်ကြီးရဲ့ နောက်ဆုံးခရီးကို ဖူးမြှော်နိုင်ဖို့ ရဟန်းရှင်လူအများအပြားဟာ မိုးရေထဲမှာ စောင့်ဆိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ အရိုးပြာကို ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်မှာ အစီအစဉ်အတိုင်း သိမ်ဇရပ် စစ်တောင်းမြစ်ထဲ ရေမျောပူဇော်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၁၉)ရက်နေ့က ငါန်းဇွန်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့ပြီး ကန်သုံးဆင့်ဆရာတော်လဲ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။