ဇွန်လ (၂၈)ရက်။
မိုးကုတ်မြို့ကတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်တွေနဲ့ ထွက်ပြေးနေရတယ်လို့ မိုးကုတ်ဗျူဟာရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ မိုးကုတ်မြို့မှာ စကစတွေဘက်က အရပ်ဝတ်တွေနဲ့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့အခြေအနေပါ။ သူတို့ကို တော်လှန်ရေးတပ်တွေက လိုက်လံရှင်းလင်းနေပါတယ်” လို့ ဆိုပါတယ်။
မိုးကုတ်မြို့ထဲက ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး အိမ်ထဲမှာသာ နေပေးကြဖို့နဲ့ လုံခြုံရေးသတိနဲ့ ဂရုစိုက်ကြဖို့ အသိပေးထားပါတယ်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနောက်ဆွဲတွဲအနေနဲ့ နောင်ချို၊ မိုးကုတ်နဲ့ ကျောက်မဲတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
အခုအခါ TNLA ပူးပေါင်းတပ်တွေက မိုးကုတ်မြို့ အေးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ(၈၈)လက်အောက်ခံ လပခ၊ ခလရ(၁၄၈)တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ မိုးကုတ်မြို့ရဲစခန်းကိုလဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ မြို့နယ် (၃)မြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ (၁၈)ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။