ဇွန်လ (၂၉)ရက်။
အာဏာသိမ်းပြီးချိန်ကစပြီး ဇွန်လ (၂၈)ရက်အထိ စစ်အုပ်စုကြောင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် (၄၃)ဦး သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အုပ်စုကြောင့် သေဆုံးခဲ့သူတွေထဲ (၁၇)ဦးဟာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အများဆုံးသေဆုံးခဲ့ရပြီး သေနတ်ပစ်ခံရတာကြောင့် သေဆုံးသူ (၁၂)ဦးအထိရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသူ (၄၃)ဦးထဲ နာမည်နဲ့တကွ အတည်ပြုနိုင်တဲ့သူ (၁၄)ဦးရှိတယ်လို့ သိရပြီး ဇွန်လ (၂၂)ရက်နေ့က မြင်းခြံမြို့မှာ လူနာပို့တဲ့ ဆရာတော် ဥတ္တမ(ခ)ကျော်သူကို ပျုစောထီးတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာကို ဖော်ပြထားပါတယ်။
အခုကိန်းဂဏန်းအရေအတွက်တွေဟာ AAPP အနေနဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ရေးသားထားပါတယ်။
ဇွန်လ (၁၉)ရက်နေ့က ငါန်းဇွန်မြို့မှာ ၀င်းနိမ္မိတာရုံဆရာတော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် စစ်ကောင်စီက ၀န်ခံတောင်းပန်ထားကာ ဆရာတော်ကြီးတွေက မေ့ဖျောက်ဖို့မဖြစ်နိုင်ဘူးလို့ မိန့်ကြားထားပါတယ်။
ဒီလို သံဃာတော်တွေနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို သပိတ်မှောက်ဖို့ တိုက်တွန်းတာတွေရှိပြီး မြိုနယ်အများအပြားက သံဃာတွေကလဲ ကံဆောင်သပိတ်ပြုလုပ်နေကြပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကစပြီး ၂၀၂၄ခုနှစ် ဇွန်လ (၂၈)အထိ စစ်အုပ်စုနဲ့ သူ့ရဲ့လက်ပါးစေတွေကြောင့် တော်လှန်ရေးကာလထဲ သေဆုံးခဲ့ရသူ (၅၃၀၀)ကျော်အထိရှိပြီလို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။