ဇူလိုင်လ (၃)ရက်။
မနေ့က နံနက်(၁၁)နာရီခွဲအချိန်မှာ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ မဲထီးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်သိန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Chauk Guerrilla Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မဲထီးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ချစ်သိန်းကို အရေးပေါ်စစ်ကောင်စီထောက်တိုင်ရှင်းလင်းတဲ့စစ်ဆင်ရေးအနေနဲ့ သူ့ရဲ့နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Chauk Guerrilla Force၊ အာဋ္ဌာ၀ကမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ကျောက်ပန်းတောင်းဇီးကွက်တပ်ဖွဲ့တို့က သုတ်သင်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ချစ်သိန်းဟာ အရင်က ကြံ့ခိုင်ရေးပါတီရဲ့ ရပ်ကျေးကော်မတီ၀င်တစ်ဦးဖြစ်ကာ နေအိမ်ကနေ ထွက်ပြေးပြီး ရွာအပြင်ဘက် ယာခင်းထဲအရောက်မှာ ပစ်ခတ်ခံခဲ့ရတာလို့ စစ်ကောင်စီချန်နယ်တွေက ရေးသားထားပါတယ်။
Chauk Guerrilla Force အနေနဲ့ စစ်အာရှင်ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်လက်ရှင်းလင်းသွားမှာဖြစ်ပြီး ပြည်သူကို ဒုက္ခပေးတဲ့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။