ဇူလိုင်လ (၃)ရက်။
မတ္တရာမြို့မှာ ရှမ်းမန်းစစ်ဆင်ရေးကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇွန်လ (၂၆)ရက်နဲ့ (၂၈)ရက်တို့မှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်(ပကဖ)နဲ့ မတ္တရာမျြု့နယ်(ပကဖ)တို့က တိုက်ခိုက်ခဲ့ကာ နှစ်ရက်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၁၆)ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီထံကနေ MA-13 (၁)လက်၊ MA-11 (၁)လက်၊ MA-4 (၁)လက်၊ BA72K (၁)လက်၊ G-3 (၉)လက်နဲ့ ခြောက်လုံပြူး (၁)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်း (၁၆)ကြိမ်ဆွဲနိုင်ခဲ့ကာ ကား(၅)စီးကိုလဲ ဖြတ်တောက်နိုင်ခဲ့သလို ကား(၄)စီး သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
“ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း(၂)နဲ့အတူ ရှမ်းမန်းစစ်ဆင်ရေးအနေနဲ့ မန္တလေးတိုင်းထဲ ထိုးဖောက်၀င်ရောက်နိုင်ဖို့ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေတယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။