နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာပြည်သူတွေကို အစာငတ်မွတ်ခေါင်းပါးမှုတွင်းနက်ထဲ စစ်အုပ်စာက တွန်းပို့နေတယ်လို့ ကုလညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

ဇူလိုင်လ (၃)ရက်။

မြန်မာပြည်သူတွေကို ဆင်းရဲမွဲတေမှုနဲ့ အစာငတ်မွတ်ခေါင်းပါးမှုတွင်းနက်ထဲ စစ်အုပ်စုက တွန်းပို့နေတယ်လို့ ဇူလိုင်လ(၁)ရက်‌က ပြုလုပ်ခဲ့တဲ့ ကုလညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ တရားမ၀င်အာဏာသိမ်းချိန်ကစပြီး ပြည်သူတွေအပေါ် အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကာ မြန်မာပြည်သူတွေဟာ ပုံမှန်အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအသိုက်အဝိုင်းအနေနဲ့ ပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့နဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးဖို့ ဘာတွေကို စောင့်ဆိုင်းနေသလဲဆိုပြီး ကုလအဖွဲ့၀င်နိုင်ငံတွေကို မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

လူသားဆန်တာကို ပဓါနထားရှေးရှုပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ဖို့ မျှော်မှန်းချက်ထား ဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေကို ထိရောက်စွာ အားဖြည့်ကူညီပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာပြည်သူတွေဟာ စစ်တပ်က ကျူးလွန်တဲ့ ဆိုးဝါးတဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေကို ရင်ဆိုင်နေရကာ နိုင်ငံတကာအသိုက်အ၀န်းရဲ့ ကြား၀င်ကူညီတာနဲ့ အကာအကွယ်ပေးတာတို့ကို လိုအပ်နေတယ်လို့ ထပ်မံပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အပြစ်မဲ့ပြည်သူ (၅၃၀၀)ကျော် သတ်ဖြတ်ခံရပြီး လူဦးရေရဲ့ (၃)သန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရကာ လူဦးရေ (၁၈.၆)သန်းဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသလို (၁၃.၃)သန်းက စားနပ်ရိက္ခာမဖူလုံတာနဲ့ ရင်ဈိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအသိုက်အ၀န်းအနေနဲ့ မြန်မာနိုင်ငံမှာ တရားမျှတမှု၊ တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိစေဖို့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြီးတိုင်ချုပ်ငြိမ်းစေဖို့နဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်တာကနေ ကြားကာလတရားမျှတမှုရှိဖို့ ဆောင်ရွက်သင့်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ကုလအဖွဲ့၀င်နိုင်ငံတွေအနေနဲ့လဲ R2P ကတိက၀တ်အပါအ၀င် အခြားကတိက၀တ်တွေကို ထိန်းသိမ်းဖို့နဲ့ ပြုမူကျင့်ကြံဖို့ တိုက်တွန်းထားပြီး လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်တာတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြည်သူတွေက ခါးစည်းခံနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 8 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 8 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 13 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့