နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငွေပေးချေတာနဲ့ လွှဲပြောင်းတာတွေကို အကန့်အသတ်မရှိ ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ပြော

ဇူလိုင်လ (၁၁)ရက်။

ငွေပေးချေ‌တာတွေနဲ့ ငွေလွှဲပြောင်းတာတွေကို အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ကာ စိုးရိမ်ပူပန်တာမရှိဖို့ စစ်ကောင်စီရဲ့ဗဟိုဘဏ်က မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဘဏ်တွေအနေနဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ငွေသားထုတ်ယူခွင့်ပြုနိုင်ဖို့အတွက် ဗဟိုဘဏ်က အကြိမ်ကြိမ်ညွှန်ကြားထားပြီးဖြစ်ကာ Special account ဖြစ်ပါက ထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒစ်ဂျစ်တယ်ငွေပေးချေတဲ့ နည်းလမ်းတွေဖြစ်တဲ့ Electronic Card တွေအပါအ၀င် မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ Mobile Pay တွေ၊ အင်တာနက်ဘဏ်လုပ်ငန်းတွေနဲ့ Mobile Wallet တွေအသုံးပြုပြီး ငွေလွှဲပြောင်းပေးချေတာတွေ ဆောင်ရွက်နိုင်တယ်လို့‌ ဖော်ပြထားပါတယ်။

ငွေကြေးဖောင်းပွတာတွေဖြစ်ပြီး ကုန်သွယ်မှုမတည်မငြိမ်ဖြစ်တာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ကုန်ဈေးနှုန်းကစားသူတွေကို သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အစည်းတွေက စိစစ်ဖော်ထုတ်အရေးယူသွားမယ်လို့ ရေးသားထားပါတယ်။

ဘဏ်တွေရဲ့ ငွေသွင်း/ငွေထုတ် အပ်နှံငွေအခြေအနေတွေကို စောင့်ကြည့်ထိန်းကျောင်းနေတာကြောင့် စိုးရိမ်ပူပန်စရာမလိုဘဲ ပူးပေါင်းဆောင်ရွက်သွားဖို့ စစ်ကောင်စီဗဟိုဘဏ်က ပြောဆိုထားပါသေးတယ်။

အခုလို ဗဟိုဘဏ်က ငွေထုတ်တာတွေ မကန့်သတ်ထားဘူးလို့ ပြောဆိုထားပေမယ့် ဘဏ်တွေမှာ ငွေထုတ်သူတွေ များပြားနေပြီး အကန့်အသတ်နဲ့ထုတ်ပေးတာတွေကြောင့် အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KIO ဥက္ကဋ္ဌကို တရုတ်အစိုးရက အကျယ်ချုပ် ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 21 Views
တရုတ်မှာ ဆေးကုသမှု ခံယူနေတာလို့ KIO တုံ့ပြန် ဇူလိုင်လ (၉)ရက်။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်အစိုးရက
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း တရက်ထဲ ရှော့တိုက်ဒုံး (၁၁)လုံး ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 20 Views
ဇူလိုင်လ (၉)ရက်။ မနေ့က တရက်ထဲ စစ်ကောင်စီရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for
မြန်မာသတင်း

ရေကြည်မြို့မှာ တပ်ပြေးတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံးပြီး (၂)ဦးပြန်ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 16 Views
ဇူလိုင်လ (၉)ရက်။ မနေ့က ညပိုင်းအချိန်က ရေကြည်မြို့နယ်၊ အသုတ်မြို့ တဇောင်းရိုးရွာမှာ တပ်ထဲကထွက်ပြေးလာသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စခတပ်ကထွက်ပြေးတာ (၅)ဦး၊ အဲ့ဒါကို လိုက်ဖမ်းတာ အသုတ်မြို့ တဇောင်းရိုးရွာအထွက်
မြန်မာသတင်း

အမေရိကန်ရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး ညှိနှိုင်းသွားမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 19 Views
ဇူလိုင်လ (၉)ရက်။ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး စာပေးပို့လာတဲ့အပေါ် ညှိနှိုင်းတာတွေ ဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပေးပို့လာတဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ စာနဲ့ပတ်သက်ပြီး စစ်ကောင်စီက
မြန်မာသတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 18 Views
ဇူလိုင်လ (၉)ရက်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာဖို့ NUG သမ္မတရုံးက မနေ့က ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ (၄)ရက်နေ့ကစပြီး ချင်းပြည်နယ်ရှိ CNDF နဲ့ CNA၊ CDF-Hualngoram တို့အကြား တိုက်ပွဲဖြစ်ပွားတာနဲ့
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA ပူးပေါင်းတပ်‌တို့ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 26 Views
ဇူလိုင်လ (၈)ရက်။ မနေ့က မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသုခတပ်စခန်းဟာ ထိုင်းနိုင်ငံနယ်စပ်မျဉ်းပေါ်မှာရှိပြီး KNLA တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း (၁၀)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 24 Views
မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့ ဇူလိုင်လ (၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက တပြိုင်ထဲ
မြန်မာသတင်း

မြစ်ကြီးနားရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 23 Views
ဇူလိုင်လ (၈)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဖြစ်တာကတော့ စီတာပူရပ်ကွက်ထဲက စကစအဖွဲ့ဝင် ဒေါ်ဒွဲဘူနေအိမ်