ဇူလိုင်လ (၂၅)ရက်။
ဒီကနေ့ ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ရဲတစ်ဦးတို့ လက်နက်ခဲယမ်းတွေနဲ့အတူ ချင်းပြည်အစိုးရတပ်ဖွဲ့ထံ အလင်း၀င်လာတယ်လို့ CDF-Thantland ထံက သိရပါတယ်။
စစ်ကောင်စီတပ်သား (၂)ဦးဟာ အကြမ်းဖက်စစ်တပ်ထံ တာ၀န်မထမ်းဆောင်လိုတော့တဲ့အပြင် ပြည်သူ့တော်လှန်ရေးမှာ ပါ၀င်မယ်လို့ ၀န်ခံပြီး အလင်း၀င် ပူးပေါင်းပါ၀င်လာခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား (၂)ဦးဟာ MA2 တစ်လက်၊ G3 တစ်လက်၊ ကျည်ဘောက် (၈)ခု၊ ကျည်ဆံ (၁၈၅)တောင့်၊ Grenade (၁)ခု၊ ၄၀မမ နှစ်ခုနဲ့ ကျည်ကာတစ်ခုတို့နဲ့အတူ အလင်း၀င်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုလို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာတဲ့ စစ်ကောင်စီတပ်သား (၂)ဦးကို ငွေကျပ်သိန်း (၅၀)စီ ချီးမြှင့်ခဲ့ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ချင်းပြည်အစိုးရတပ်ဖွဲ့အနေနဲ့ Tilim Operation (၄)ကို ဖော်ဆောင်တိုက်ပွဲဝင်နေတဲ့အတွက် ပြည်သူ့တော်လှန်ရေးထဲ ပါဝင်ဖို့ ဆန္ဒရှိပါက အမြဲတခါးဖွင့် ကြိုဆိုနေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။