ဇူလိုင်လ (၂၆)ရက်။
ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က ချောက်မြို့နယ်၊ ကိုးဆူကျေးရွာရှိ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အာဠာ၀က မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ လင်မယားဟာ အုပ်ချုပ်ရေးမှူး ဦးရဲရွှေနဲ့ ဇနီး ဒေါ်ခင်ရွှေတို့ဖြစ်ပြီး OAK AWE UG နဲ့ Bagan Bo Cho တပ်ဖွဲ့တို့ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယားဟာ စစ်မှုထမ်းဥပဒေနဲ့ ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေတောင်းခံတာနဲ့ အကြမ်းဖက်စစ်တပ်အတွက် စစ်သားသစ်စုဆောင်းပေးနေတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး သူတို့လင်မယားက စစ်ကောင်စီကို သတင်းပေးတာ၊ ရိက္ခာထောက်ပံ့တာနဲ့ ကျေးရွာနေပြည်သူတွေကို ဖိနှိပ်တာတို့ကြောင့် အခုလို ပစ်ခတ်ရှင်းလင်းခဲ့တာလို့လဲ ရေးသားထားပါတယ်။
စစ်ကောင်စီထောက်တိုင်တွေအနေနဲ့ ပြည်သူအပေါ် ဆက်လက်အနိုင်ကျင့်မယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေကို လုံး၀(လုံး၀) တာ၀န်ယူမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။