နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းဖို့ ရေးဆွဲနေတယ်လို့ စစ်ခေါင်းဆောင်ပြော

ဇူလိုင်လ (၂၈)ရက်။

ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းဖို့ ရေးဆွဲဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လ (၂၆)ရက်မှာပြုလုပ်ခဲ့တဲ့ e – Government အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နည်းပညာဖွံ့ဖြိုးတိုးတက်လာတာကြောင့် အကျိုးကျေးဇူးတွေရှိပေမယ့် ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇ၀တ်မှုတွေ မြင့်တက်လာပြီး ဆိုက်ဘာလုံခြုံရေးအန္တရာယ်တွေနဲ့ ပိုမိုရင်ဆိုင်လာရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဆိုက်ဘာလုံခြုံရေးအစီအမံတွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒကို ၂၀၂၃ခုနှစ်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ဆိုက်ဘာလုံခြုံမှုကို ဥပဒေနဲ့အညီ ထိန်းကျောင်းသွားနိုင်ဖို့အတွက် ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ‌ပါ၀င်နိုင်မယ့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ရေးဆွဲနေတာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အရင်တုန်းကထဲက ကြိုးပမ်းအကောင်အထည်ဖော်ခဲ့တဲ့ e – Government ရဲ့ ပုံရိပ်ကို တိုးမြှင့်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဆောင်ရွက်ဖို့ကို စစ်ခေါင်းဆောင်က ပြောဆိုခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ e – Government ကော်မတီအစည်းအဝေးမှာ သတင်းအချက်အလက် လုံခြုံစေဖို့ကိုလဲ ဆောင်ရွက်ကြဖို့ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် နေပြည်တော်မှာ အစည်းအဝေး လုပ်နေတုန်း ရှမ်းမြောက် လားရှိုးမြို့ကို “ ဝ” တပ်ဖွဲ့က ဝင်ရောက်သိမ်းယူသွားပြီ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ရဲဘော် (၇)ဦး ကျဆုံးခဲ့တယ်လို့ MBT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 6 Views
ဧပြီလ (၁၀)ရက်။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ချင်းညီနောင်(CB)နဲ့အတူ Myingyan Black Tiger(MBT)က ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ
1027 Operations မြန်မာသတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးသွားတာတွေအတွက် MNDAA က ကျပ်သိန်း(၁၅၀၀၀)ကျော် ထောက်ပံ့

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 4 Views
ဧပြီလ (၁၀)ရက်။ လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ကိုးကန့်တပ်(MNDAA)က ငွေကျပ်သိန်းပေါင်း (၁၅၀၀၀)ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ လားရှိုးမြို့မှာ
မြန်မာသတင်း

ကုလအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 1 Views
ဧပြီလ (၁၀)ရက်။ မနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Ms. Julie Bishop နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့နဲ့ တုံ့ပြန်ဆောင်ရွက်ဖို့ ကြိုးပမ်းဆောင်ရွက်တာတွေမှာ မြန်မာနဲ့
မြန်မာသတင်း

ငလျင်ဒဏ်သင့်ဒေသတွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တာကို ဆန့်ကျင်ဆန္ဒပြတဲ့လှုပ်ရှားမှု ရန်ကုန်မှာ ပြုလုပ်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 11 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့်ဒေသတွေထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တာကို ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က “ Military Airstrike Is The
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 12 Views
ဧပြီလ (၁၀)ရက်။ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မယ်လို့ ဒီကနေ့မှာကျရောက်တဲ့ AA (၁၆)နှစ်ပြည့်မှာ TNLA နဲ့ MNDAA တို့က ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ အခက်အခဲ ဖိအားပေါင်းစုံကို
မြန်မာသတင်း

ဝန်းသိုမှာ စစ်တပ်ဗုံးကြဲလို့ ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ ၃၀ ဦးခန့်သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 13 Views
ဧပြီလ (၉) ရက်။ စစ်ကိုင်းတိုင်၊ ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာကို စစ်ကောင်စီက ‌ဂျက်လေယာဉ်နဲ့ ၇ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံးကြောင်း ကနဦးသတင်းအရ
1027 Operations မြန်မာသတင်း

KIO နဲ့ PSLF တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေး

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 10 Views
ဧပြီလ (၉) ရက်။ KIO နဲ့ PSLF ကြား တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲဒီဇိုင်း ကြိုတင်ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ KIO ဘက်က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ပို့ဆောင်ဖို့ C-130 ဂျပန်စစ်လေယာဉ်တစီး မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 12 Views
ဧပြီလ (၉) ရက်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ဖို့ မန္တလေးတိုင်းမှာ ရောက်ရှိနေတဲ့ ဂျပန်ဆေးဘက်ဆိုင်ရာအဖွဲ့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ရောဂါရှာဖွေရေးစက်ပစ္စည်းတွေ အပါအဝင် ဆေးဝါးနဲ့ အခြားစက်ပစ္စည်းကိရိယာတွေကို ဂျပန်နိုင်ငံက C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ ဧပြီလ