ဇူလိုင်လ (၂၈)ရက်။
ဒီကနေ့ နံနက်ပိုင်းမှာ ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းအမာခံစခန်း (၃)ခုကို ချင်းပြည်အစိုးရတပ်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ Chinland Information Center ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ချင်းပြည်အစိုးရတပ် သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းအမာခံစခန်းတွေဟာ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက ထန်တလန်မြို့ရဲ့ အော်တိုတောင် စခန်း(၃)ခုဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစခန်းတွေဟာ စစ်ကောင်စီရဲ့ တပ်မ (၇၇) လက်အောက်ခံတပ်ရင်း အထိုင်ချတဲ့နေရာဖြစ်ပြီး ရှေ့တန်းအမာခံစခန်းတွေကို ချင်းပြည်အစိုးရတပ်ဖွဲ့က ဇူလိုင်လ (၂၂)ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေထဲ စစ်ကောင်စီထံက လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးခဲ့ကာ (၂)ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ချင်းပြည်အစိုးရတပ်ဖွဲ့အနေနဲ့ အခုတပတ်ထဲ စစ်ကောင်စီရဲ့ စခန်း (၆)ခုကို သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတွေအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် (၃)ဦးကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။