နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်

ဇူလိုင်‌လ (၃၀)ရက်။

ဒီကနေ့ နေ့လယ်ပိုင်းအချိန်အထိ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ဒီကနေ့ နံနက်ပိုင်းကစပြီး သာသနာ (၂၅၀၀)နဲ့ ရန်အောင်မြင် ဘုန်းကြီးကျောင်းဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ၊ အခုက လားရှိုးမှာ တိုက်ပွဲတွေက ရှုပ်ထွေးနေတယ်၊ စကစကလဲ လေယာဉ်နဲ့ ဗုံးကြဲနေတယ်” လို့ စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ဆိုပါတယ်။

လားရှိုးမြို့ရှိ သာသနာ (၂၅၀၀)နဲ့ ရန်အောင်မြင် ဘုန်းကြီးကျောင်းဘက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်‌နေတာကို စစ်လော်ဘီချန်နယ်တွေကလဲ ဖော်ပြထားပါတယ်။

လားရှိုးမြို့ရှိ အထက(၇)ဘက်မှာလဲ တိုက်ပွဲတွေဖြစ်ပွားနေကာ ထိခိုက်သေဆုံးတာတွေကိုတော့ နှစ်ဖက်တပ်ဖွဲ့တွေက ထုတ်ပြန်ထားတာမရှိသေးဘဲ တိုက်ပွဲတွေထဲ ပိတ်မိနေတဲ့ ဒေသခံတွေရှိတယ်လို့ ဒေသတွင်းသတင်းတွေက ရေးသားထားပါတယ်။

ဇူလိုင်လ (၂၅)ရက်နေ့မှာ လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး လားရှိုးမြို့ကို ထိန်းချုပ်‌နိုင်ခဲ့ပြီလို့ MNDAA က ထုတ်ပြန်ထားသလို အုပ်ချုပ်ရေးယန္တရားအတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံတာက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 12 Views
စက်တင်ဘာလ (၁၅)ရက်။ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံတဲ့လုပ်ရပ်တိုင်းက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက
မြန်မာသတင်း

ရန်ကုန် မြောက်ဒဂုံမြို့ရှိ ထွေအုပ်ရုံးနဲ့ ယာဉ်ထိန်းရဲရုံး လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 10 Views
စက်တင်ဘာလ (၁၅)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီခွဲဝန်းကျင်ခန့်က မြောက်ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနဲ့ အမှတ်(၆)ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့
မြန်မာသတင်း

မြိုင်မြိုနယ်ထဲ ဝင်/ထွက်သွားလာတာတွေကို စိစစ်ကြပ်မတ်ဖို့ မြို့နယ်ပကဖ ညွှန်ကြားထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 8 Views
တော်လှန်ရေးကို ခုတုံးလုပ်ပြီး အလွဲသုံးစားပြုလုပ်ရင် ထိရောက်စွာအရေးယူမယ်လို့ဆို စက်တင်ဘာလ (၁၅)ရက်။ မြိုင်မြို့နယ်ထဲ လူစိမ်းနဲ့ သင်္ကာမကင်းတဲ့ ဝင်/ထွက်သွားလာတာတွေကို ကျေးရွာတ‌ရွာချင်းစီ စိစစ်ကြပ်မတ်သွားဖို့ မြို့နယ်ပကဖ ဒီကနေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တော်လှန်ရေးအစက လူစိမ်းတွေ ဝင်/ထွက်သွားလာတာကို တိတိကျကျ
မြန်မာသတင်း

ပါတီဝင်တွေအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အရေးယူမယ်လို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 7 Views
စက်တင်ဘာလ (၁၅)ရက်။ ပါတီဝင်တွေအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင် ထိရောက်စွာ အရေးယူမယ်လို့ NLD က မနေ့က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ဆန္ဒမဲပေးတာ (၇၁)ရာခိုင်နှုန်းကျော်ခဲ့ပြီး NLD ပါတီက မဲဆန္ဒနယ်အားလုံးရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ လွှတ်တော်(၃)ခုက မဲဆန္ဒနယ်စာရင်း စစ်ကော်မရှင်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 10 Views
အများစုက တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့နေရာတွေဖြစ် စက်တင်ဘာလ (၁၅)ရက်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ လွှတ်တော် (၃)ရပ်က မဲဆန္ဒနယ် စုစုပေါင်း (၁၂၁)နယ်စာရင်းကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ‌မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲမပြုလုပ်နိုင်တဲ့နေရာတွေက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မြန်မာသတင်း

“ပါတီတွေ ဖျက်သိမ်း‌၊ ရွေးကောက်ပွဲ နီးရက်နဲ့ ဝေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 88 Views
နေပြည်တော်ကိုသိမ်း၊ ရန်ကုန်ကိုသိမ်း မြေပုံပေါ်မှာငါတို့သိမ်း၊ ဒါငါတို့ကစားနေတဲ့ဂိမ်း” ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို တနင်္ဂနွေနေ့တိုင်း ဆွေးနွေး တင်ပြနေတာ အခုဆိုရင် အပတ်စဥ် (၁၂)အထိရှိလာခဲ့ပါပြီ ဒီအပတ်မှာတော့အထက်ပါခေါင်းစဥ်အတိုင်း တနိုင်ငံလုံးဝင်ပြိုင်မဲ့ နိုင်ငံ‌ရေးပါတီNDF နဲ့ အခြားတိုင်းနဲ့ပြည်နယ်အလိုက်ဝင်ပြိုင်မဲ့ပါတီ ၃ပါတီတို့လည်းဖျက်သိမ်းတဲ့အထဲပါဝင်သွားခဲ့ပါတယ်၊ တဖက်မှာလည်း ကျနော်တို့
မြန်မာသတင်း

ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီတွေ အယူခံဝင်ခွင့်မရှိဘူးလို့ စစ်တပ်ရွေး/ကော်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 104 Views
စက်တင်ဘာလ (၁၃)ရက်။ ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အယူခံဝင်ခွင့်မရှိဘူးဆိုပြီး စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အခုရက်ထဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ နိုင်ငံရေးပါတီတွေ ပယ်ဖျက်ခံရတာက အယူခံခွင့်မရှိပါဘူး။ ဥပဒေတိုင်းသာဖြစ်ပါတယ်။ ဒါက ဥပဒေပြဋ္ဌာန်းချက်အတိုင်းဖြစ်ပါတယ်။ ဒါကို အားလုံးဆုံးဖြတ်ပြီးမှ
မြန်မာသတင်း

PDF နဲ့ ရန်ကုန်တိုင်းပကဖတို့ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 104 Views
စက်တင်ဘာလ (၁၃)ရက်။ PDF နဲ့ ရန်ကုန်တိုင်းပကဖတို့ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စရပ်နဲ့ပတ်သက်ပြီး စစ်ဆင်ရေးနယ်မြေတနေရာမှာ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆွေးနွေးပွဲကို MOD ဒုဝန်ကြ နိုင်ကောင်းရွက်အပါအဝင် တောင်ပိုင်းတိုင်း အမှတ်(၁)စစ်ဆင်ရေးမှူး ရဲဘော်စောရှားနဲ့ စစ်ရေး၊ စစ်ထောက်တာဝန်ခံတွေနဲ့