ဩဂုတ်လ (၂)ရက်။
ဇူလိုင်လ (၃၁)ရက်နေ့က မြောင်မြို့မရဲစခန်းထဲ ပျူစောထီးတွေကို သင်တန်းပေးနေချိန် ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့(CDSOM)ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
“ အဲ့ဒီနေ့ ညနေ (၄)နာရီခွဲလောက် မြောင်မြို့မရဲစခန်းထဲမှာ ငါန်းမြာနဲ့ ပေါက်တောချောင်က ပျူစောထီးတွေကို စစ်သင်တန်းပြုလုပ်ဖို့ တန်းစီချိန် ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာပါ” လို့ CDSOM ရဲ့ တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။
မြောင်မြို့မရဲစခန်းထဲ ကျူစောထီးတွေကို စစ်သင်တန်းပေးနေချိန် Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်း (၂)စီးနဲ့ ဗုံးသီး (၈)လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် တန်းစီနေတုန်း ကျရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ အကြမ်းဖက်ပျူစောထီးတွေ အထိအခိုက်များနိုင်တယ်လို့ ရေးသားထားပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အထဲ အခြေအနေတွေကြောင့် စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်က အထိအခိုက်နဲ့ အသေအပျောက်စာရင်းကို အတိအကျမသိရသေးဘူးလို့ ပြောဆိုထားပါတယ်။
အခုအခါမှာ မြောင်မြို့နယ်ထဲ ဒရုန်းစစ်ဆင်ရေးတွေကို ပြန်လည်စတင်လုပ်ဆောင်တော့မယ်လို့ CDSOM ရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။