နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရမခကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU၊ CNF နဲ့ KNPP တို့က ဂုဏ်ပြုသ၀ဏ်လွှာပေးပို့

ဩဂုတ်လ (၄)ရက်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU၊ CNF နဲ့ KNPP တို့က ဒီကနေ့မှာ ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

MNDAA နဲ့ TNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ရမခကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ညီနောင်တော်လှန်ရေးအဖွဲ့တွေက အားရနှစ်သက်၀မ်းသာတယ်လို့ ဆိုပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူအားရတာနဲ့ အောင်ပွဲတွေ ဆက်လက်ရရှိဖို့ ဆန္ဒပြုသလို ညီနောင်တော်လှန်ရေးအဖွဲ့တွေကလဲ အာဏာသိမ်းစစ်တပ် ပြိုလဲတဲ့အထိ ဆက်လက်တိုက်ပွဲ၀င်သွားမယ်လို့ အသိပေးထားပါတယ်။

ဒီအောင်ပွဲဟာ စစ်ကောင်စီပြိုလဲဖို့အတွက် မိုင်တိုင်တခုအနေနဲ့ အရေးပါသလို စစ်ရေးအောင်ပွဲကနေတဆင့် စစ်အာဏာရှင်စနစ်အပါအ၀င် ဘယ်လိုအာဏာရှင်စနစ်ကိုမဆို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အတူတကွ တိုက်ပွဲ၀င်မယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးနဲ့ စစ်ရေး ဟန်ချက်ညီတဲ့ လုပ်ငန်းစဉ်နဲ့ ပြည်သူလူထု လိုလားတောင့်တတဲ့ စနစ်သစ် ပြုပြင်ပြောင်းလဲဖို့အတွက် တိုက်ပွဲ၀င်သွားမယ်လို့ သဘောထားထုတ်ဖော်ကာ ဂုဏ်ပြုပြောဆိုထားပါတယ်။

လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဩဂုတ်လ (၃)ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တရား၀င်ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 56 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 59 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

မဲစာရင်းတွေမှားနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက် ထပ်တိုးလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 52 Views
အောက်တိုဘာလ (၁၀)ရက်။ မဲစာရင်းတွေ အများအပြား မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်တပ်လက်အောက်ခံ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက်ကို ထပ်တိုးလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ မဲစာရင်းကြေညာတာကို ရွေး/ကော်က အောက်တိုဘာလ (၁၃)ရက်အထိ ကြေညာထားပေမယ့် အခုအခါမှာတော့
မြန်မာသတင်း

နေပြည်တော်ကိုရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 28 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာတွေကို ဝမ်းသာပြီး အာဆီယံက
မြန်မာသတင်း

ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တဲ့ တရားခံနဲ့ ပူးပေါင်းပါဝင်သူတွေကို လက်တုံ့ပြန်မယ်လို့ မုံရွာပလဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 25 Views
အောက်တိုဘာလ (၉)ရက်။ ချောင်းဦးမြို့ ဘုံတိုရွာက ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တာမှာ ကျူးလွန်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုံတိုရွာအနီး ပြည်သူတွေ စုပေါင်းကာ ဆီမီးထွန်းပွဲတော်ပြုလုပ်ချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 52 Views
အောက်တိုဘာလ (၉)ရက်။ ဗန်းမောက်မြို့အနီးမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမောက်မြို့အနီးတဝိုက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အနီးဝန်းကျင်က ကျေးရွာတွေက
မြန်မာသတင်း

စစ်တပ်ထုတ်ပြန်တဲ့ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 51 Views
အောက်တိုဘာလ (၉)ရက်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်တပ်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နကစအနေနဲ့ တာဝန်ယူပေးပါ။ မြို့နယ်တိုင်း မဲစာရင်းတွေ မှားနေတယ်။ မဲစာရင်းကို တမင်
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့နေရာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်တွေအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 47 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့