ရန်ကုန်မှာ ရှစ်လေးလုံးအထိမ်းအမှတ် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ လှုံ့ဆော်လှုပ်ရှားမှုပြုလုပ်
ဩဂုတ်လ (၆)ရက်။
ဒီကနေ့ ရန်ကုန်မြို့မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ (၃၆)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ (၃၆)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ လှုံ့ဆော်တဲ့လှုပ်ရှားမှုကို ရန်ကုန်သပိတ်အင်အားစုတွေက ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲ့ဒီလှုပ်ရှားမှုထဲ သပိတ်အင်အားစုတွေက “ မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ၊ “ The Future of Our Nation is in Our hand” နဲ့ “ ရပ်တန့်၍မရ” စာသားပါ ဘန်နာတွေကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြလှုပ်ရှားမှုကို စစ်ကောင်စီက ဖိနှိပ်တာတွေ တင်းကြပ်ထားတဲ့ကြားက ပြည်သူတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကြပ်အတည်းဖြေရှင်းဖို့နဲ့ စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) အမြစ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့ကြတယ်လို့ သိရပါတယ်။