နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒတွေ ခေါင်းမထောင်လာနိုင်ဖို့ ချေမှုန်းတိုက်ခိုက်သွားမယ်လို့ AA အသိပေး

ဩဂုတ်လ (၇)ရက်။

ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒတွေ ခေါင်း‌မထောင်လာနိုင်အောင် ချေမှုန်းတိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ဘာသာရေးအစွန်းရောက်မူဆလင်တွေနဲ့ ထောက်ပံ့ပေးထားတဲ့ အစ္စလာမ်အစွန်းရောက်တွေဟာ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ကျူးလွန်ခွင့်လိုင်စင်ရထားသလို ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီအကြမ်းဖက်တာတွေဟာ မောင်တောမြို့နဲ့အနီးတဝိုက်မှာ အဓိကဖြစ်ပျက်နေပြီး လူနည်းစု မျိုးနွယ်စုတွေဖြစ်တဲ့ ခမီ၊ မြို၊ ဟိန္နူ လူမျိုးတွေသာမက အတူယှဉ်တွဲနေထိုင်တဲ့ မူဆလင်တွေကိုပါ အသက်အန္တရာယ် ပိုမိုရင်ဆိုင်လာရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်မူဆလင်တွေနဲ့ မူဆလင်ရာဇ၀တ်လူဆိုးဂိုဏ်းအချို့ရဲ့ အကြမ်းဖက်အန္တရာယ်ဟာ ဘူးသီးတောင်၊ မောင်တောဒေသရှိ လူနည်းစု မျိုးနွယ်စုတွေအပြင် အဲ့ဒီဒေသနေ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို နေ့တိုင်း ခြိမ်းခြောက်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် AA အနေနဲ့ အာရက္ခဒေသနေ ပြည်သူတရပ်လုံးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအ၀၀ကို အပြည့်အ၀ကာကွယ်ပေးနိုင်ဖို့အတွက် လုံခြုံရေးဆိုင်ရာ အကာအကွယ်တွေကို လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

AA အနေနဲ့ ဘူးသီးတောင်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို တခုမကျန် သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် မောင်တောမြို့နယ်က နယ်ခြားစောင့် အမှတ်(၅)စခန်းနဲ့ ခံစစ်အထပ်ထပ်နဲ့ ခုခံနေတဲ့ မြို့‌ထဲစခန်းတွေဆိုပြီး စခန်းနှစ်ခုသာ ကျန်တော့တယ်လို့ အသိပေးထားပါတယ်။

မောင်တောဒေသထဲက စစ်ကောင်စီရဲ့ လက်ကျန်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် လှည်းကူးမြို့မှာ ညမထွက်ရအမိန့် စစ်ကောင်စီ အချိန်ထပ်တိုးထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 0 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့ကစပြီး ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို အချိန်ထပ်တိုး ထုတ်ပြန်ထားတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
1027 Operations မြန်မာသတင်း

စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 0 Views
နိုဝင်ဘာလ (၂၅)ရက်။ နှစ်ဖက်စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်လို့ TNLA ရဲ့ ဒီ‌ကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းဒေသတိုက်ပွဲထဲ စစ်ကောင်စီရဲ့
မြန်မာသတင်း

မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာအားလုံးနီးပါး စစ်ဘေးရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 0 Views
နိုဝင်ဘာလ (၂၅)ရက်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မတ္တရာမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ စကစက လေကြောင်းတွေ လက်နက်ကြီးတွေနဲ့ ရွာတွေထဲဝင်ပြီး မီးရှို့နေတာဆိုတော့ မတ္တရာအနောက်ခြမ်းက ရွာတွေအကုန်လုံးနီးပါး စစ်ဘေးရှောင်နေရတာ။ အရပ်သား
မြန်မာသတင်း

ကရင်နီဒေသထဲ စစ်ကောင်စီကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 7 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်း သေဆုံးပြီး (၃၃၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုနှစ်ထဲမှာ စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး
မြန်မာသတင်း

ထားဝယ်ခရိုင်ထဲက PDF တပ်ရင်းနဲ့ ပကဖတွေပူးပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF တပ်ရင်းအချို့နဲ့ မြို့နယ်ပကဖတွေ ‌ပူးပေါင်းကာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်းတို့အပါအဝင် ထားဝယ်၊
မြန်မာသတင်း

ရုရှားကပေးပို့တဲ့ စာနာမှုအကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်လာပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 3 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရုရှားနိုင်ငံကပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ဖို့အတွက် ရုရှားနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်
မြန်မာသတင်း

လက်နက်ကိုင်ဖြေရှင်းနေရင် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 9 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း အပြန်အလှန် လေးစားတာ၊ နားလည်စာနာတာတို့နဲ့ တစ်ဦးနဲ့တစ်ဦးကြား
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 10 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ တိုက်တွန်းထားချက်အရ သိရပါတယ်။ နိုင်ငံကို ချစ်မြတ်နိုးတဲ့ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်စွာနဲ့ လူထုကို