ဩဂုတ်လ (၇)ရက်။
ဒီကနေ့ နံနက် (၁၂)နာရီခန့်က ပုသိမ်ကြီးမြို့နယ်ရှိ ဖယောင်းတောင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ (၇)ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မတ္တရာနဲ့ ပုသိမ်ကြီးနယ်အစပ်က ဖယောင်းတောင်ရွာအပါအ၀င် ထန်းပင်ကုန်း၊ ကြားရွာနဲ့ အောင်သပြေတို့ကို အခုရက်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ ဖယောင်းတောင်မှာ စီးပွားရေးသမားတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ရွှေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ သတင်းကြားတာကြောင့် လေကြောင်းတိုက်ခိုက်ခဲ့တာလို့လဲ ပြောဆိုနေကြပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်ရှုံးလာတာနဲ့အတူ ပြည်သူကို ပစ်မှတ်ထားပီုး စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်နေတာလို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။