နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်မြို့နယ်ရှိ ဝက်ပုတ်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ဩဂုတ်လ (၉)ရက်။

မနေ့က နံနက်ပိုင်းအချိန်မှာ မြိုင်မြို့နယ်ရှိ ဝက်ပုတ်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

၀က်ပုတ်ပျူစောထီးစခန်းကို ဩဂုတ်လ (၅)ရက်နေ့ကစပြီး ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ ကာကင်းစခန်း (၃)ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ၀က်ပုတ်ပျူစောထီးစခန်းက စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို လက်နက်ချအညံ့ခံဖို့ တောင်းဆိုခဲ့ပေမယ့် အညံ့မခံတာကြောင့် ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ပျုစောထီးစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က အနည်းဆုံး (၁၀)ဦးကျော် သေဆုံးခဲ့ပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီရဲ့ စက်မှု(၂)စခန်းကို ဆုတ်ခွာသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီထံက MA4 (၁)လက်၊ ကာဘိုင် (၁)လက်၊ G3 (၂)လက်၊ G4 (၁)လက်၊ M16 (၁)လက်၊ 12 ဗို့ (၂)လက်၊ 79 ( ၁)လက်၊ 60 MM (၁)လက်၊ ဂျန်ပါစက်(၁)လုံးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ပျုစောထီးစခန်းကို မြိုင်ပကဖ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ( ၁/၂/၆/၇/၁၀/၁၄/၁၅/၁၇ )၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်)၊ ပေါက်ပကဖ၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး၊ BLY ပျောက်ကြားတပ်ဖွဲ့၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့ ၊ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေအပြင် ပြည်သူလူထုတွေက အတူတကွ တိုက်ပွဲ၀င်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 15 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 18 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 19 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့
မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 49 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့တပ်ရင်းတွေ လူထောင်ချီသုံးပြီးစစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့
မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 50 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကနင်ကမော့ရွာနားမှာ