နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ စစ်ကောင်စီက လူသားဒိုင်းအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ခန့်ကို AA ကယ်ထုတ်ခဲ့

ဩဂုတ်လ (၉)ရက်။

မနေ့က နေ့လည် (၁)နာရီအချိန်မှာ မောင်တောမြို့ရှိ ဗိုလ်မှူး(မူဆလင်)ကျေးရွာက ပြည်သူ (၃၀၀)ခန့်ကို အာရက္ခတပ်တော်(AA)က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖက်ဆစ်စစ်ကောင်စီနဲ့ လက်နက်ကိုင်မူဆလင်တွေဟာ မူဆလင်ရွာတွေကနေ ရွာသူရွာသားတွေကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအနေနဲ့ အသုံးပြုဖို့ ခေါ်ဆောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူး(မူဆလင်)ရွာက မူဆလင်သက်ကြီးရွယ်အိုတွေ၊ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဟာ စစ်ကောင်စီနဲ့ လက်နက်ကိုင်မူဆလင်တွေရဲ့ လူသားဒိုင်းကာအနေနဲ့ ဖမ်းဆီးပိတ်လှောင်ထားတာကို ခံနေခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီထဲက အချို့ဟာ စားနပ်ရိက္ခာတွေ ပြတ်တောက်ပြီး အစာရေဆာပြတ်လပ်တဲ့ဒဏ်ကို ခံစားခဲ့ရကာ AA က တိုက်ပွဲကြားကနေ ကယ်ထုတ်ခဲ့တာကို ရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်(AA)အနေနဲ့ မောင်တောမြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေတယ်လို့ အသိပေးပြောဆိုထားပါတယ်။

ဒါ့ကြောင့် မောင်တောမြိုနဲ့ အနီးကျေးရွာတွေက ရွာသူရွာသားတွေကို တိုက်ပွဲနဲ့လွတ်ရာနေရာတွေကို တိမ်းရှောင်လာကြဖို့ အသိပေးကြေညာချက်တွေ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

အလင်းဝင်ဘက်ပြောင်းချင်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 16 Views
ဇူလိုင်လ (၁၅)ရက်။ စစ်ကောင်စီတပ်ဆီမှာ အဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ အလင်းဝင်ဘက်ပြောင်းချင်ရင် အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃)

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 13 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃) အပတ်စဥ် တနင်္ဂနွေနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ Era’s Eye YouTube
မြန်မာသတင်း

ထရန့်နှင့် ရှီသည် ယခုနှစ်တွင် တွေ့ဆုံနိုင်ခြေ မြင့်မားဟု ရူဘီယိုက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 10 Views
၂၀၂၅ ခုနှစ် ၊ ဇူလိုင် ၁၁ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်တို့သည် ယခုနှစ်အတွင်း တွေ့ဆုံရန် ဖြစ်နိုင်ခြေ မြင့်မားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သောကြာနေ့တွင် ပြောကြားခဲ့သည်။
မြန်မာသတင်း

ဒေသခံတော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 40 Views
ဇူလိုင်လ (၁၅)ရက်။ ‌ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကို စားပွဲဝိုင်းမှာသာ ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေက မနေ့က သဘောထားထုတ်ပြန် တိုက်တွန်းထားတယ်လို့ သိရပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ချင်းတော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့
မြန်မာသတင်း

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (၂၃)ဖွဲ့ထက်မနည်းကို AA ထောက်ပံ့ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 34 Views
ဇူလိုင်လ (၁၅)ရက်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက (၂၃)ဖွဲ့ထက်မနည်းကို အာရက္ခတပ်တော်(AA)က ထောက်ပံ့ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာတဲ့လလက်နက်ကိုင်တပ်ဖွဲ့တွေထဲက အနည်းဆုံး (၂၃)ဖွဲ့ကို AA က
မြန်မာသတင်း

ညောင်လေးပင်ခရိုင်ထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၀၀)ကျော်သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 35 Views
ဇူလိုင်လ (၁၅)ရက်။ အခုနှစ်ဝက်ထဲ ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၃၀၀)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ KNU ဘက်က တိုင်းပြည်နဲ့ လူမျိုးအတွက် (၄၄)ဦး
မြန်မာသတင်း

သီပေါမြို့လယ်ကို စစ်ကောင်စီ ပေါင် (၂၅၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်၊ အရပ်သား (၂)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 32 Views
ဇူလိုင်လ (၁၅)ရက်။ မနေ့က ညနေ (၆)နာရီဝန်းကျင်လောက်မှာ သီပေါမြို့ရှိ တောင်မြို့ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

အခုနှစ်ဝက်ထဲ တော်လှန်ရေးရဲဘော် (၅၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 35 Views
ဇူလိုင်လ (၁၄)ရက်။ အခုနှစ် (၆)လတာထဲ တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် (၅၄၄)ဦး ကျဆုံးခဲ့တယ်လို့ Spring Revolution Database(SRD)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ တော်လှန်ရေး‌အင်အားစုတွေနဲ့ စစ်ကောင်စီတပ်အပါအဝင် သူတို့နဲ့ဆက်စပ်တဲ့ အဖွဲ့တွေနဲ့အကြား ထိတွေ့တိုက်ပွဲပေါင်း