နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

CDF-Tonzang က CDMer တွေရဲ့ နေအိမ်ကို ချိတ်ပိတ်တာနဲ့ မိသားစု၀င်တွေကို ဖမ်းဆီးငွေတောင်းတာတွေပြုလုပ်နေ

ဩဂုတ်လ (၁၅)ရက်။

တွန်းဇံမြို့သိမ်းတိုက်ပွဲအပြီး Chin Land Council အဖွဲ့၀င် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Tonzang တပ်ရင်း(၁)က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်တွေကို ချိတ်ပိတ်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့နယ် CDM ကော်မတီရဲ့ ဒီက‌နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

CDF-Tonzang ရဲ့ လူနေအိမ်တွေကို ချိတ်ပိတ်တဲ့အထဲ အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးထဲ ခိုင်ခိုင်မာမာရပ်တည်တဲ့ ဌာနဆိုင်ရာ၀န်ထမ်း CDMer (၅)ဦးရဲ့ နေအိမ်တွေပါဝင်တာကို စိစစ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို CDMer တွေရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံရတဲ့အပေါ် လုံး၀(လုံး၀) လက်မခံတာကို တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ် CDM ကော်မတီတို့က ပူးတွဲ ထုတ်ပြန်ထားပါတယ်။

ချိတ်ပိတ်ခံရတဲ့နေအိမ်တွေဟာ မိသားစု၀င်တစ်ဦးဦးက CDF-Tonzang မဟုတ်တဲ့ အခြားအဖွဲ့အစည်းကို အားပေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တခုထဲနဲ့ ချိတ်ပိတ်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် CDMer တွေရဲ့ မိသားစု၀င်တွေကို မတရားဖမ်းဆီးပြီး မိသားစု၀င်တွေဆီကနေ ငွေကျပ်သိန်း (၂၀၀) သို့မဟုတ် (၃၀၀) တောင်းခံနေကာ ဥပဒေဘောင်ကျော်ပြီး မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ရေးသားထားပါတယ်။

အခုလို အာဏာရှင်စရိုက်နဲ့ မထူးမခြား မင်းမဲ့စရိုက် ပြုမူဆောင်ရွက်တာဟာ ဒီမိုကရေစီတော်လှန်ရေးအတွက် အမဲစက်တခုဖြစ်တာကြောင့် အမြန်ဆုံးရပ်တန့်ဖို့ကိုလဲ သတိပေးထားပါတယ်။

မတရားသိမ်းဆည်းထားတဲ့ နေအိမ်တွေကို ပိုင်ရှင်တွေဆီ အမြန်ဆုံး ပြန်လည်ပေးအပ်ဖို့နဲ့ CDM တွေအပေါ် ကျူးလွန်မိတဲ့ ပြစ်ချက်တွေအတွက် တာ၀န်ရှိသူတွေက ဒီမိုကရေစီ အနှစ်သာရတွေအတိုင်း တာ၀န်ယူ တာ၀န်ခံဖို့ အသိပေးထားချက်အရ သိရပါတယ်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုနဲ့ မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး တရက်ထဲ အရပ်သား (၂၀)ဦးသေဆုံးကာ (၂၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 13 Views
နိုဝင်ဘာလ (၁၂)ရက်။ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကာ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ AA အတည်ပြု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 9 Views
နိုဝင်ဘာလ (၁၂) ရက်။ နိုဝင်ဘာလ ၁၀ ရက်နဲ့ နေ့လည် ၂ နာရီခွဲအချိန်လောက်မှာ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူ၊
မြန်မာသတင်း

ပခုက္ကူမှာ တော်လှန်ရေးတပ်တွေရဲ့နယ်မြေထဲ လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်သား ဖမ်းဆီးခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 7 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က ပခုက္ကူမြို့နယ်ရှိ ဆင်မင်းရွာစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Young Force-UG ရဲ့ ဒီကနြေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်သားက နယ်မြေမကျွမ်းတော့ သူတို့တပ်စွဲထားတဲ့ ဆင်မင်းရွာစစ်ဆေးရေးဂိတ်ကနေ တော်လှန်ရေးတပ်တွေရဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ သန်းခေါင်စာရင်း ပြည်သူတွေ ပူးပေါင်းပါဝင်တာမရှိခဲ့သလို လုပ်ငန်းစဉ် မအောင်မြင်ခဲ့ဘူးလို့ GSCB ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 8 Views
နိုဝင်ဘာလ (၁၂)ရက်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အတင်းအကျပ် ကောက်ယူဖို့ စစ်အုပ်စုက ကြိုးစားခဲ့ပေမယ့် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်တာ မရခဲ့ဘူးလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကိုယ်ကျိုးအတွက်ကိုသာ ပဓါနထားတာကြောင့် ပြည်သူရဲ့ ဆင်းရဲဒုက္ခတွေကို
မြန်မာသတင်း

ဘဏ်တွေပိတ်သိမ်းတာနဲ့ ငွေစက္ကူတွေ ဖျက်သိမ်းဖို့ပြုလုပ်တာ မရှိဘူးလို့ စစ်ကောင်စီဗဟိုဘဏ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 7 Views
နိုဝင်ဘာလ (၁၂)ရက်။ ပြည်တွင်းက ဘယ်ဘဏ်တွေမှ ပိတ်သိမ်းရတဲ့အခြေအနေနဲ့ ပိတ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီခဲ့တဲ့ရက်ပိုင်းထဲ လူမှုကွန်ရက်စာမျက်နှာအချို့မှာ ငွေစက္ကူတွေ ဖျက်သိမ်းပြီး အသစ်တွေနဲ့ အစားထိုးဖို့ရှိနေသလို ဘဏ်တွေ ပိတ်သိမ်းတော့မယ်လို့
မြန်မာသတင်း

မြန်မာ့နွေဦးတော်လှန်ရေးကို အမေရိကန်သမ္မတသစ်နဲ့ အမေရိကန်ပြည်သူတွေက ဆက်လက်ထောက်ခံအားပေးဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 11 Views
နိုဝင်ဘာလ (၁၂)ရက်။ မြန်မာ့နွေဦးတော်လှန်ရေးကို အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်နဲ့ အမေရိကန်ပြည်သူတွေက ဆက်လက်ထောက်ခံအားပေးသွားဖို့ NUG က ဒီကနေ့မှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့မှာ သမ္မတရွေးကော်ပွဲကို ဒီမိုကရေစီနည်းကျ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံသူနိုင်ငံသားတွေ၊ မဲဆန္ဒရှင်တွေ၊
မြန်မာသတင်း

ဖာပွန်မြို့အနီးရှိ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းကို တော်လှန်ရေး‌တပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 9 Views
နိုဝင်ဘာလ (၁၂)ရက်။ ဖာပွန်မြို့အနီးရှိ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဖာပွန်မြို့ရဲ့ တောင်ဘက် (၇)မိုင်ခန့်အကွာရှိ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းကို KNLA အပါအဝင်
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၃၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 11 Views
နိုဝင်ဘာလ (၁၂)ရက်။ နိုဝင်ဘာလ (၁၀)ရက်နေ့ ညနေ (၆)နာရီအချိန်က နောင်ချိုမြို့ရှိ ရဲစခန်းအပါအဝင် နေရာ (၃)နေရာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “