နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါင်းတည်မြို့မှာ အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၄)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရရှိခဲ့

ပေါင်းတည်မြို့မှာ အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၄)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရရှိခဲ့

ဩဂုတ်လ (၁၇)ရက်။

ဩဂုတ်လ (၁၅)ရက်နေ့ နံနက် (၁၁)နာရီ (၄၀)မိနစ်အချိန်က ပေါင်းတည်မြို့မှာ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င် (၂၆)ဦးဟာ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို အင်အားဖြည့်ဖို့ မှတ္တိုင်ဘက်ကနေ ထွက်ခွာလာတာဖြစ်ပြီး ညောင်နီပင်ရွာနဲ့ သစ်ပုတ်ရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက Sniper အပါအ၀င် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ (၆)နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၄)ဦးသေဆုံးခဲ့ပြီး (၆)ဦးဒဏ်ရာရရှိခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့၀င်တွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတွေဘက်က သေဆုံးသွားတဲ့ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို မှတ္တိုင်ဘက်ကနေ ဖောကားနဲ့ လာရောက်သယ်ဆောင်ပြီး ရွှေတောင်ကုတင် (၁၀၀)စစ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို PPDF ၃၆၀၁ တပ်ရင်းက ဦးဆောင်ပြီး တပ်ခွဲစုံညီစုပေါင်းစစ်ကြောင်း၊ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ (၃၆၀၂ PDF)တပ်ရင်း တပ်ခွဲ(၁၊ ၃၊၄)၊ ရွှေတောင်ပကဖပူးပေါင်းစစ်ကြောင်းနဲ့ (၃၆၀၁ PDF)တပ်ရင်း တပ်ခွဲ(၃) နတ်စစ်သည်စစ်ကြောင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီညွှန်ကြားတဲ့ မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးလုပ်ဆောင်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 6 Views
စက်တင်ဘာလ (၂၀)ရက်။ စစ်ကောင်စီညွှန်ကြားထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆီက မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိကအကျိုးဆောင်တွေကို အရေးယူမယ်လို့ NUG အလုပ်သမား၀န်ကြီးဌာနရဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်/ကျဉ်းတစ်ဦးကို ဆေးလိပ်တွေ့တယ်လို့ စွပ်စွဲပြီး ထောင်အာဏာပိုင်တွေက စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 7 Views
စက်တင်ဘာလ (၂၀)ရက်။ ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပွတ်ချွန်းအခွံ(ဆေးလိပ်)တွေ့တယ်ဆိုပြီး ထောင်အာဏာပိုင်တွေက စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်ခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်တော်လှန်ရေးအင်အားစုတွေ ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 9 Views
စက်တင်ဘာလ (၂၀)ရက်။ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါ၀င်ပြီး မွန်ပြည်နဲ့ မွန်ပြည်ရဲ့ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်တော်လှန်ရေးအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးမှာ ပါ၀င်နေတဲ့ မွန်လူငယ်တွေဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတရပ်ကို အခုလထဲ
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုးကာ နေအိမ် (၄၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သား (၂)ဦးကို မီးရှို့သတ်ဖြတ်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 13 Views
စက်တင်ဘာလ (၂၀)ရက်။ ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုး၀င်ရောက်ကာ နေအိမ် (၄၀)ကျော်နဲ့ အရပ်သား(၂)ဦးကို မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၉)ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ လိပ်ဥသောင်ရွာကို ၀င်ရောက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သလို
မြန်မာသတင်း

ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို လက်တွဲတည်ဆောက်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (၉)ဖွဲ့ ‌ထုတ်ပြန်ကြေညာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 11 Views
စက်တင်ဘာလ (၂၀)ရက်။ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးနဲ့စပ်လျဉ်းပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ (၉)ခုက မနေ့က ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတို့က အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းတာတွေကို
မြန်မာသတင်း

အလယ်ကုန်းရဲစခန်းအနီး ကင်းပုန်း၀ပ်နေတဲ့ စစ်ကောင်စီရဲနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 7 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၃)ရက်နေ့ ည (၈)နာရီက ကြို့ပင်ကောက်မြို့ရှိ အလယ်ကုန်းရဲစခန်းအနီးက စစ်ကောင်စီရဲနဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Dragon GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလယ်ကုန်းရဲစခန်းအနီး တံတားထိပ်က
1027 Operations မြန်မာသတင်း

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 13 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နေ့လယ် (၁၂)နာရီခွဲအချိန်ကစပြီး (၂)နာရီခန့်အထိ သီပေါမြို့နယ်ကို ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ရန်ကုန်မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ လူထုသပိတ် ချီတက်ဆန္ဒပြ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 11 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ လူထုသပိတ်ချီတက်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။ သပိတ်ချီတက်ရာမှာ “ ရေဘေးမကူတဲ့ စစ်ကောင်စီကို ပြည်သူတွေ ဆန့်ကျင်ကြ” ၊ “ ကုန်ဈေးနှုန်းတွေကျဆင်ရေး