နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သပိတ်ကျင်းမြို့ စစ်ကောင်စီရဲ့ ဖော့တောလမ်းဆုံစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA ထုတ်ပြန်

ဩဂုတ်လ (၁၈)ရက်။

ဩဂုတ်လ (၁၄)ရက်နေ့ ညနေပိုင်းက သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီရဲ့ ဖော့တောလမ်းဆုံစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ ဖော့တောလမ်းဆုံစခန်းဟာ မိုးကုတ်-သပိတ်ကျင်း-မန္တလေးလမ်းပိုင်းမှာတည်ရှိကာ TNLA၊ မိုးကုတ်ဗျူဟာနဲ့ PLA (၂၂၂)တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဩဂုတ်လ (၉)ရက်နေ့ကလဲ TNLA၊ မိုးကုတ်ဗျူဟာနဲ့ PLA တို့အပါအ၀င် တော်လှန်ရေးပူးပေါင်းတပ်တွေက သပိတ်ကျင်းမြိုနယ်ရှိ စစ်ကောင်စီရဲ့ ခလရ(၁၄၈)တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ သပိတ်ကျင်းမြို့နဲ့ (၇)မိုင်၀န်းကျင်ခန့်သာကွာဝေးတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၁၃)ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခလရ (၁၄၈)တပ်စခန်းအပါအ၀င် စခန်း (၁၀)ခုအထိ တေယ်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နိုင်ငံရှေ့ခရီးအတွက် ဒုတိယစာမျက်နှာစပြီလို့ စစ်ခေါင်းဆောင်က ဂုဏ်ပြုပွဲမှာပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 1 Views
ဇူလိုင်လ (၃၁)ရက်။ နိုင်ငံရှေ့ခရီးအတွက် ဒုတိယစာမျက်နှာ အစကို ဆက်သွားကြမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော််မှာပြုလုပ်တဲ့ ဂုဏ်ပြုပွဲမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ TNLA တောင်းဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 24 Views
ဇူလိုင်လ (၃၀)ရက်။ ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေကို TNLA က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းအပါအဝင် နေရာ (၂)ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 19 Views
ရဲစခန်းရှိ အကျဉ်းသားတွေနဲ့ သံသယတရားခံ စုစုပေါင်း (၂၀)ကျော် သေဆုံးခဲ့တယ်လို့ MDY-PDF ထုတ်ပြန် ဇူလိုင်လ (၃၀)ရက်။ မနေ့က ညနေပိုင်းအချိန် စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းနဲ့ ရွှေပန်တောရွာတို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့
မြန်မာသတင်း

ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 19 Views
ဇူလိုင်လ (၃၀)ရက်။ ဇူလိုင်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခန့်က ညောင်ဦးမြို့ တောင်ဘရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေအရ သိရပါတယ်။ “ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးက Denko ဆီဆိုင်ကို ဆိုင်ကယ် (၃)စီးနဲ့
မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ပြည်သူ (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 23 Views
ဇူလိုင်လ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်ခန့်က ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၉)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁၂)နာရီ
မြန်မာသတင်း

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့မှာ ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 22 Views
ဇူလိုင်လ (၃၀)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့ရှိ (၆၇)ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒဂုံဆိပ်ကမ်းက (၆၇)ရပ်ကွက်ရုံးနဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေတွေကို ပြင်းအားမြင့်
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 20 Views
ဇူလိုင်လ (၃၀)ရက်။ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေတရပ်ကို စစ်ကောင်စီက ဇူလိုင်လ (၂၉)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဥပဒေထဲ အခန်း (၈)ခန်းပါဝင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်တာ၊ မဲဆွယ်စည်းရုံးတဲ့ကာလ၊ မဲပေးဖို့တို့နဲ့ မဲရုံမှာ လုံခြုံရေးအပြည့်နဲ့
မြန်မာသတင်း

ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် တည်ဆောက်နေတယ်လို့ GZA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 34 Views
ဇူလိုင်လ (၂၉)ရက်။ ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် တည်ဆောက်နေပြီး ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ Generation Z Army(GZA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ GZA အနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ မြို့သိမ်းတိုက်ပွဲ (၆)ခု၊